Episode 9(Unicode)

4.3K 387 5
                                    

မေမြို့ရှိ လမ်းများမှာ ကျယ်ပြီး ယာဥ်ရှင်းသည် ။ မြွေလိမ်မြွေကောက်လမ်းများမှာ လှသည် ။ စိုက်ခင်းများ ၊ ဥယျာဥ်ခြံများ ၊ ပန်းခင်းများမှာ ရှုမငြီးအောင် များပြားပြီး လေထုက ပန်းရနံ့များကြောင့် လတ်ဆတ်သည် ။ မြို့တွင်း နာရီစင်အနီးရှိ ချိန်းထားသည့်ကော်ဖီဆိုင်သို့ ခ,လာသည် ။ ဆိုင်၌ ဦးမိုးမာန်က ကြိုစောင့်နေ၏ ။ ဦးမိုးမာန်က ခကို ဝမ်းသာအားရ ခရီးဦးကြိုပြုပြီး ခုံဆွဲယူပေးကာ ကော်ဖီ မှာပေးသည် ။ ပြီးတော့ မျက်နှာချင်းဆိုင်၌ ထိုင်၍ ခကို ရိသဲ့သဲ့လုပ်သဖြင့် အလွန်စိတ်ပျက်ရသည် ။ ဤလိုလူက မမလို မြင့်မြတ်သော ဣတ္ထိယ၏ ပါရီမီဖြည့်ဖက်ဟု ခ,လုံးဝလက်မခံနိုင် ။

"ကြည့်ပဲကြည့်နေတော့မှာလား ၊ ခမှာထားတာ ပြဦး''

"ဟုတ်သား ၊ သိပ်လှနေတော့ မေ့သွားတယ်”

ဦးမိုးမာန်က မြည်းသိုးကြီးကဲ့သို့ တဟီးဟီးရယ်လျက် နက်ပြာရောင်ကတီပါဘူး​ ခကို ထုတ်ပေးသည် ။ ခ,ကြည့်တော့ အရောင်လက်နေသော စိန်ပွင့်အလွှာများသည် နားကပ်တွင် စီ၍ လှ၏ ။ ဤစိန်နားကပ်ကို မမဆွေးညို့မိုရ်ပန်ဆင်လျှင် ကျက်သရေရှိလွန်းမည်ဟု တွေး၍ ခ,ပြုံးလိုက်သည် ။

"ခ,ကြိုက်တယ် ၊ ဒါပဲယူမယ်''

ကတီပါဘူးပိတ်၍ ငွေသားအချို့ စားပွဲ၌ ပေါလာစွာချပြီး လက်ဖျားထိပ်ဖြင့် ဦးမိုးမာန်၏ လက်ဖမိုးသွေးကြောကြီးကို မထိတထိ ခ,ရှပ်ထိလိုက်သည် ။

"ခ,လိုချင်တာရအောင် ရှာပေးနိုင်တာပဲ ၊ ကျေးဇူးပါတယ်နော်''

ဦးမိုးမာန်က ရွှန်းလက်စွာ ခကို ကြည့်၍ ခ,လက်ကိုလည်း ရဲရဲတင်းတင်း အပေါ်မှ အုပ်မိုးဆုပ်ကိုင်လာသည် ။

"မလိုပါဘူးကွာ ၊ ကိုမိုးက ခ,အပေါ်မှာ မေတ္တာ စေတနာ အလျှံအပယ်နဲ့ ဒီထက်ပိုပြီး ကူညီပေးခွင့်ရချင်ပါတယ်''

ခ၏စည်းစိမ်းချမ်းသာမှုတွေ နုနယ်ပျိုမျှစ်လွန်းသည့် အလှအပတွေ၌ ခင်ဗျားကြီး တဖြုတ်ဖြုတ် ကြွေကျပစ်လိုက်စမ်းပါ ။ သားကောင်မြင်လျက် ဥပုသ်စောင့်နိုင်သော ကျားဟူ၍မရှိ။

ဤလိုယောက်ျားမျိုးကို ပစ်ပြီး ခရင်ခွင်မှာ ခိုလှုံပါတော့မမရယ် ။ ခက အခု မမကို အရယူဖို့အတွက် ထူးထူးဆန်းဆန်းတွေ လုပ်နေရပြီ ။

This is my prayerWhere stories live. Discover now