Episode 1(Unicode)

15.8K 696 2
                                    

ဒါဟာ ကျွန်မရဲ့ဆုတောင်း
===================

မှိန်ဖျော့ဖျော့နေ့တစ်နေ့ရဲ့အဆုံးမှာ နေမင်းကြီးက သူ့ရဲ့​နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ်
ကျွန်မကို နှုတ်ဆက်သွားမှာ ကျွန်မကြိုသိနေတယ်လေ ။

ကျွန်မစွန့်ခွာမသွားခင်
ကမ္ဘာမြေကြီးက ကျွန်မကို
သူ့ရဲ့လက်တွေနဲ့
ဘာကြောင့် ပွေ့ဖက်ဖို့ ခေါ်ရလဲ ။

ညရဲ့တိတ်ဆိတ်မှုဟာ
ကြယ်တွေရဲ့အကြောင်း
ကျွန်မကို ဘာကြောင့်လာပြောပြလဲ ။

ကျွန်မရဲ့ကဗျာတစ်ပုဒ်ကို
ပြီးပြည့်စုံစေဖို့
နောက်ဆုံး ကာရံန​ဘေစာသားကို
ကျွန်မလက်စသတ်ပါရစေ ။

သူမမျက်နှာကို တွေ့မြင်ဖို့အတွက်
မီးအိမ်လည်း ထွန်းညှိပါရစေ ။

ကျွန်မ သီခဲ့တဲ့ပန်းကုံးကိုလည်း
သူမခေါင်းမှာ ပန်ဆင်ပေးခဲ့ပါရစေ ။

ဒါဟာ...
ကျွန်မရဲ့ဆုတောင်းတွေပါပဲ ။

~

ကျွန်းတံခါးမကြီးကို ကျောခိုင်းရပ်​ပြီး သေခါနီးလူတစ်ဦး၏ ဆုတောင်းအကြောင်း စာအုပ်လှန်လျောဖတ်နေသည့် မိန်းမပျို၏လှပသော မျက်နှာသည် စိတ်ဝင်စားမှုများ ပြည့်နှက်နေသည် ။ သူမသည် အခြားသူမဟုတ် ။ ဤသော်ကမြိုင်စံအိမ်ကြီး၏ သခင်မလေးခယောင်းထွဋ်ခေါင်ဖြစ်သည် ။

"ဇဝါထွဋ်ခေါင်နဲ့ပိုးဥလေးရောက်လာပါပြီခ”

ခ၏ တိုစိပ်စိပ်မျက်တောင်မှာ ဖျတ်ခနဲ လှုပ်ခတ်လာပြီး စာအုပ်ကို ပိတ်ကာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည် ။ သော်ကမြိုင်စံအိမ်၏ အိမ်တော်ထိန်းဦးစိုင်းလုံသည် တံခါးဝ၌ ရို့ကျိုးစွာ ရပ်နေ၏ ။ အသားအရောင်နီနီ ၊ နှုတ်ခမ်းမွှေးကားကားနှင့် ခပ်ဝဝပုံပန်းရှိကာ ရှမ်းဝတ်စုံ အမြဲဝတ်ဆင်တတ်သော ဦးစိုင်းလုံသည် ခအတွက် လူယုံလည်း ဖြစ်သည် ။ ခေါင်းတစ်ချက်ညိတ်၍ လက်နှောင်းကာ ကျွန်းတံခါးအဆင့်ဆင့်ကျော်ဖြတ်ပြီး အိမ်ရှေ့ထွက်လာတော့ ဦးလုံလည်း နောက်မှ လိုက်လာ၏ ။

"နေပူတယ်ခ ၊ ဦးလုံထီးလိုက်မိုးပေးပါ့မယ်''

"ရတယ် ၊ ဦးလုံက ခွန်​လေးဆေးကြိုတာကူညီပေးလိုက်ပါ ၊ ခကို ထီးပေး''

This is my prayerWhere stories live. Discover now