Episode 21(Unicode)

3.7K 359 19
                                    

"ဝှီး''

အိမ်ရှေ့တွင် ကားသံကြားသော်လည်း ဇဝါ မလှုပ်မိ ။ မောင်ပြန်လာပြီဟု သိသော်လည်း အပြေးထွက်မကြိုချင် ။ စိတ်က မပါ ။ ဆွေးညို့မိုရ်ဟူသည့် အမျိုးသမီးတစ်ဦးကို လွမ်းဆွေးစိတ်မှာ နေ့နေ့ညည ပြင်းပြ​နေ၏ ။ အရင်ချိန်ကဲ့သို့ တွေ့ချင်သော်လည်း ပြေးတွေ့ခွင့်မရှိ ။ ကလေးကဲ့သို့ ကပ်ချွဲပူဆာခွင့်လည်းမရှိ ။ ဘယ်သွားသွား ဘာလုပ်လုပ် အတူရှိခွင့်မရ ။ ထိုအမျိုးသမီးကို မမြင်လျှင် မနေနိုင်ပါဟု မောင့်ကို ပြောပြချင်သည် ။ ကိုယ်ပိုင်မိသားစုရှိပြီးလည်း ထိုအမျိုးသမီးပေါ်ထားသည့် စွဲလမ်းမှုမှာ မလျော့သွား ။ ဤသို့ စွဲလမ်းနေမှုကြောင့် မောင့်ကို အားနာရသည် ။ မိမိကိုယ်၌လည်း နှလုံးသားကို မထိန်းချုပ်နိုင် ။ မောင်က ဂရုစိုက်နေငြား ထိုအမျိုးသမီး၏ ဂရုစိုက်မှုကိုပဲ စက္ကန့်မလပ်တမ်းတသည် ။ မောင့်ကို ယောက်ျားချောတစ်ဦးဟု အသိအမှတ်ပြုသော်လည်း ထိုအမျိုးသမီး၏ မဟာဆန်ဆန်သိမ်မွေ့လှပမှုတွေကိုပဲ တသသ လွမ်းမောသည် ။ မောင်က လက်တွဲ​ဖေးကူထား​သလည်း ထိုအမျိုးသမီး၏ပွေ့ဖက်မှုကိုပဲ လိုလားတောင့်တသည် ။

လွန်ခဲ့သောအချိန် ထိုအမျိုးသမီး လက်ထပ်လိုက်ပြီဟု သိသိချင်း၌ ဇဝါ ယခုကဲ့သို့ ရင်ထဲတမြေ့မြေ့ ခံစားရဖူးပြီးပြီ ။ သို့သော် ခံစားချက်ကို မြိုသိပ်ခဲ့၏ ။ ယခုတစ်ကြိမ်၌ ထိုအမျိုးသမီးသည် အိမ်ထောင်ကွဲ၍ မိမိညီမဖြစ်သူလက်​အောက်တွင် နေကြောင်းသိရတော့ ယင်းခံစားချက်များ ပေါ်လာပြန်၏ ။ မိမိသည် အားလုံးထက်ဦးစွာ ထိုအမျိုးသမီးကို စသိခဲ့ပြီး ချစ်မြတ်နိုးခဲ့သည် ။ ထိုအမျိုးသမီး၏ မျက်နှာတော်ကို ကမ္ဘာအမှတ် တစိမ့်စိမ့်မျှော်ငေး၍ အရွယ်ရောက် ကြီးပြင်းလာခဲ့သည် ။ ထိုအမျိုးသမီးသည် မိမိဘဝ၌ အရာရာဖြစ်ခဲ့၏ ။ သို့သော် မိမိမှာ ထိုအမျိုးသမီးကို ပိုင်ဆိုင်ခွင့်သာသာ ချစ်မေတ္တာကိုမျှ ပြသခွင့်မရ ။ တစ်ချိန်လုံး နှောင်တွယ်စွဲလမ်းနေသော်လည်း မြင်သာမြင်၍ ကြင်နာခွင့်မရသည့်ဘဝ ။ လွမ်းတိုင်း တစ်ဦးတည်း ကြိတ်ငို ကြိတ်ခံစားခဲ့ရသည် ။

"အိပ်နေတာလားဇဝါ”

ခင်ပွန်းကိုကို​မောင်က ကုတင်ပေါ်၌ တင်ပါးလွှဲထိုင်၍ ဘေးစောင်း အိပ်နေသည့် ပခုံးစွန်းတစ်ဖက်ကို ကိုင်လှုပ်မေးလာသဖြင့် ဇဝါ စီးကျနေသော မျက်ရည်အချို့ကို ဖယ်သုတ်ရင်း လှည့်ကြည့်လိုက်သည် ။

This is my prayerWhere stories live. Discover now