Extra 1(U+Z)

5.9K 477 34
                                    


မြို့ရှောင်လမ်းပေါ်၌ လမ်းလျှောက်သည်။ ခြေတစ်လှမ်းလှမ်းတိုင်း အထိအတွေ့ယဥ်ပါးသည်။ လေပြည်ရိုင်းသည် ပါးပြင်မွှေးညှင်းနုကို ကြင်နာစွာ နမ်းရှိုက်သည်။ ထင်းရှူးတောနံ့သည် အသက်ရှူလိုက်တိုင်း အဆုတ်ထိ ပျံ့၏။

ကားကြီးတွေသည် မြို့ရှောင်လမ်းကို အရှိန်ဖြင့် ဖြတ်သွားသည်။ သူငယ်ချင်းတစ်စုက ဆယ်ဖီဆွဲသည်။ မေမြို့သည် စိုက်ခင်းများ၊ ရှမ်းရွာများ၌ trekking မပြတ်သလို မြို့ရှောင်လမ်း၌လည်း ထင်းရှူးရနံ့လေရှူသူ အစဥ်အမြဲရှိ၏။

ထင်းရှူးတန်းနောက်ခံထား၍ ဆယ်ဖီတစ်ပုံရိုက်သည်။ ပြီးနောက် လမ်းဆက်လျှောက်သည်။

"ခ"

ခေါ်သံကြောင့် ခလှည့်ကြည့်လိုက်သည်။ ပြီနောက် နေကာမျက်မှန်ကို ခေါင်းပေါ်ပင့်တင်လိုက်သည်။

"ရိုစီ"

"တူတယ်ဆိုပြီးခေါ်သာခေါ်လိုက်တာ ကိုယ်လူမှားပြီလားလို့ ယူကွာ flightဆင်းလာတာ ကိုယ့်ကိုမပြောဘူး"

ရိုစီက ခကို အပြေးလာဖက်သည်။

"ကိုယ် တစ်နေ့က လေဆိပ်မှာ ရိုက်ထားတဲ့ပုံ လူမှုကွန်ရက်မှာ တင်တယ်လေကွယ်၊ ယူက သတို့သားနဲ့ အလုပ်များနေတော့ မမြင်ဘူးထင်တယ်"

"မြင်ပါတယ်ကွာ၊ လေယာဥ်မယ်ဝတ်စုံနဲ့ဆိုတော့ ကိုယ်က ထုံးစံအတိုင်း ဟိုတယ်ခဏနားတယ်ထင်တာ၊ ပြင်ဦးလွင်ရောက်လာပုံထောက် ယူနားရက်ရပြီပေါ့''

"တစ်လပါပဲ၊ ယူကတော့ အပြီးနားလိုက်ပြီလို့ကြားတယ်ရိုစီ"

ရိုစီက ပြုံးစိစိ ခေါင်းညိတ်သည်။ ရိုစီနှင့်ခသည် ပြင်ဦးလွင်ဇာတိ။ လေကြောင်းတက္ကသိုလ်အတူတက်ပြီး လေယာဥ်မယ်ဖြစ်ကြသည်။ တစ်မြို့တည်းချင်းလည်းဖြစ် လေကြောင်းတစ်ခုတည်းကျ၍ အလွန်ခင်ခဲ့သည်။ ခရာထူးတိုးပြီး ပြည်ပလေကြောင်းပြောင်းတော့ မဆုံကြတော့။ ရိုစီက လွန်ခဲ့သောတစ်ပတ်ကမှ သူတို့flightရှိ လေယာဥ်မှူးနှင့် လက်ထပ်လိုက်သည်။

"နားရမှာပေါ့ခရယ်၊ ကိုယ် လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာကိုးကွာ၊ ဒါပေမယ့် ကိုယ့်ကောင်လေးကတော့ လေယာဥ်မှူးဆက်လုပ်မှာပါ"

This is my prayerWhere stories live. Discover now