Arc 8.6

5.7K 730 4
                                        

[Unicode]

Jing Yang က ပိုမိုသန်မာအားကောင်းတဲ့ Mecha ဖန်တီးဖို့အတွက် စတူဒီယိုမှာ အလုပ်လုပ်နေပါတယ်။ Avery နဲ့ John က သူတို့ Mecha တွေက တခြားနိုင်ငံတွေထက် သန်မာတယ်ဆိုတဲ့အချက်ပေါ် မှီခိုပြီး သေချာတဲ့အခြေအနေတွေမှာ မမျှမတ ပြုမိနေပါတယ်။ အခုတော့ Wilkesa အင်ပါယာမှာ Jing Yang ရှိနေပြီဆိုတော့ အနှေးနဲ့အမြန် သူတို့ Fetani အင်ပါယာနဲ့ ယှဉ်နိုင်တော့မှာပါ။ Jing Yang က သူဖန်တီးထားတဲ့ Mecha နဲ့ Avery ဖန်တီးထားသမျှ Mecha တိုင်းကို ချေမှုန်းပစ်ချင်ခဲ့ပါတယ်။ ဒါက သူ့ကို စိတ်ပိုင်းဆိုင်ရာကြီးကြီးမားမားထိုးနှက်ချက် ပေးချင်ရုံမကဘဲ John ကိုပါ လက်စားချေပြီးသားဖြစ်မှာပါ။

Jing Yang က Wheelchair ပေါ်မှာထိုင်ရင်း Mecha ပြုလုပ်ရာမှာ အသုံးပြုမယ့် သတ္တုတွေရဲ့ သက်ရောက်မှုနဲ့ ပေါက်ကွဲမှုခံနိုင်ရည်ရှိ မရှိစမ်းသပ်တာကို ကြည့်နေပါတယ်။

တံခါးကိုဖြတ်လျှောက်ကာ Denanfry ဝင်လာပြီး သူ့ဘေးမှာ မတ်တပ်ရပ်လိုက်ရင်း စမ်းသပ်ချက်ကို အတူ ကြည့်လိုက်ပါတယ်။

"General သိလား ခင်ဗျားရဲ့ အခုလက်ရှိ Mecha နဲ့ John Mecha ကြား ဘယ်လောက်ကွာခြားချက်ရှိလဲဆိုတာကိုလေ?" Jing Yang က ရှေ့တူရူကို ကြည့်ရင်း မေးလိုက်ပါတယ်။

"ငါ သူနဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က လှုပ်ရှားမှုနည်းနည်း ဖလှယ်ခဲ့ကြသေးတယ်။ အဲ့အချိန်တုန်းက သူ့ Mecha က ငါ့ထက် ရှင်းရှင်းလင်းလင်းကြီးကို သာနေခဲ့တာ ဒါပေမယ့် သူ ငါ့ကို ရှုံးခဲ့တာပါပဲ" Denanfry က ဆက်ပြီးတော့ "အဲ့ဒါလည်းပြီးရော သူနဲ့ငါ နောက်ထပ် ထပ်မတွေ့ဖြစ်ကြတော့ဘူး။ သတင်းတွေအရတော့ Fetani ရဲ့ လက်ရှိအင်အားအကြီးမားဆုံး Mecha က John Mecha ပဲ .... သူ့ရဲ့ နည်းပညာက တခြားနိုင်ငံတွေထက် အနည်းဆုံး နှစ်ပေါင်း ၃၀၀ လောက် ရှေ့ကို ကြိုရောက်နေတယ်တဲ့။ ငါ သူနဲ့ တစ်ခါလောက်တော့ ယှဉ်တိုက်ချင်ပါသေးတယ် ဒါမှ အနှစ် ၃၀၀ လောက် ခေတ်မီနေတဲ့ Mecha နဲ့ တိုက်ရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာ သိချင်လို့လေ"

"သူတို့ဟာထက် ပိုပြီးသန်မာတဲ့ Mecha မျိုး ကျွန်တော် ဖန်တီးနိုင်မယ်လို့ ခင်ဗျားယုံကြည်လား?" Jing Yang က သူ့ဘက်လှည့်ကြည့်လိုက်ပါတယ်။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now