Arc 12.16

2.3K 291 21
                                        


နှလုံးအစားထိုးခွဲစိပ်မှုပြုလုပ်ပြီးခဲ့တာကို ပြိုင်ပွဲအတွင်း နှလုံးဖောက်သလိုဟန်ဆောင်ရင်း တိုက်ရိုက်ထုတ်လွှင့်မှုမှာ သနားစရာပုံပြင်ပါ ထည့်ပြောသွားခဲ့သည်။

အခုတော့ အမှန်တရားပေါ်လာပြီမို့ သူ့ကိုသနားပြီး မဲပေးခဲ့တဲ့လူတွေအတွက်တော့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားကြရသည်။ လှည့်စားခံရတာ အသုံးချခံရတဲ့ခံစားချက်မျိုးကို ဘယ်သူမှ မကြိုက်ကြဘူးလေ။ ပိုဆိုးတာက အဲ့လူတွေအားလုံးကို အင်တာနက်ပေါ်မှာ ဟာသကြီးသဖွယ် အဟားခံရတာကိုပါ။ Ji Xiao ကို နဂိုကထက် ပိုမုန်းတီးပြီး ဆဲရေး တိုင်းထွာ ရင့်သီးတဲ့စကားတွေပါ ပြောဆိုလာကြတော့သည်။

အင်တာနက်ပေါ်မှာ တင်းမာမှုပြင်းထန်နေလေသည်။ Ji မိသားစုကလည်း နည်းလမ်းမျိုးစုံသုံးပြီး Ji Xiao ရဲ့မကောင်းသတင်းတွေကို ပယ်ဖျက်ဖို့ ကြိုးစားနေပေမယ့် မအောင်မြင်ဖြစ်နေသည်။ Ji Xiao က အဆိုတော်ဘဝ စွန့်လွှတ်ဖို့ကို ခေါင်းမာနေတဲ့အတွက် Ji မိသားစုခမျာ ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုပဲ မတတ်သာဘဲ လိုက်လံရှာဖွေနေကြရသည်။

သတင်းကို Liu Hang ပထမဆုံးကြားကြားချင်း သူမယုံနိုင်ဖြစ်နေသည်။ Ji Xiao မှားယွင်းစွပ်စွဲခံရတယ်လို့ ထင်လေသည်။ Ji Xiao ကို ထောင်ချောက်ဆင်တဲ့လူက ဘယ်သူလဲဆိုပြီး စုံစမ်းခိုင်းတော့မှ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ မှန်ကန်မှန်း သိလာတော့သည်။

Ji Xiao သူ့ကို သွေးဆောင်ခဲ့တယ်ဆိုတဲ့ အမှန်တရားကို Liu Hang လက်ခံလိုက်ရသည်။ သူ့အတွက် လုပ်ခဲ့တာတွေအားလုံး Chu Yang နဲ့ လမ်းခွဲပြတ်စဲပေးလိုက်ရတာတွေ Chu Yang ကို ဖိနှိပ်ပြီး နာကျင်စေခဲ့တာတွေ အားလုံးက နောက်ဆုံးမှာ သူ့ကို အသုံးချခဲ့ခြင်း သပ်သပ်ပါပဲလား။

အရူးလိုမျိုး အလုပ်ခံတဲ့အတွက် လက်တွေ့ကို လက်မခံနိုင်ခြင်းကနေ သူ့အတွက်သူ ဒေါသတွေထွက်ပြီး ဝမ်းနည်းလာသည်။ ဒါကြောင့် သူ့ခံစားချက်ကို မထိန်းနိုင်တော့ဘဲ Ji Xiao ကို ပြဿနာထိပ်တိုက် ဖြေရှင်းဖို့ရာ သွားရှာတော့သည်။

အင်တာနက်ပေါ်မှာ ကိစ္စတွေ ဘူးပေါ်သလို ပေါ်လာတဲ့နေ့ကစပြီး Ji Xiao အခန်းထဲမှာ သူ့ဘာသာ သော့ခတ်ပြီးနေနေသည်။ အိမ်ကနေ တစ်လှမ်းမှ မထွက်ရဲသလို အင်တာနက်တောင် မသုံးရဲပါဘူး။ ကိစ္စတွေ ခပ်မြန်မြန်ပြီးဆုံးပြီး သူဖြစ်စေချင်တဲ့ဘဝမှာ နေရတော့မှာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စားနေခဲ့သည်။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now