Arc 8.7

5.1K 739 7
                                        

[Unicode]

Billiver နိုင်ငံခြားရေးရုံးရှေ့ လျှောက်လမ်းရှည်ကြီးကနေ ဆန့်ကျင်ဘက်အဖွဲ့နှစ်ဖွဲ့က မျက်နှာချင်းဆိုင် လျှောက်လာပါတယ်။ ဝင်ပေါက်မှာ သူတို့မျက်နှာချင်းဆိုင် ဆုံကြတဲ့အခါ လူတိုင်းက ရပ်တန့်လိုက်ပြီး တစ်ဖက်စီက လူတွေကို ကြည့်လိုက်ကြပါတယ်။

"General Kinlock မတွေ့တာကြာပြီနော်" John က ညာဘက်လက် ရှေ့ဆန့်လိုက်ပြီး Denanfry ဆီ ကမ်းလိုက်ပါတယ်။

Denanfry က ခဏလောက် လက်ဆွဲလိုက်ရင်း "ကျွန်တော် General Dottley နဲ့ နောက်တစ်ကြိမ်ဆုံတာက တိုက်ပွဲမှာ ဖြစ်လိမ့်မယ်လို့ တွေးထားတာ"

John က အသက်မပါတဲ့ အပြုံးတုတစ်ခု ပြုံးလိုက်ပြီး "ကျွန်တော်တို့ အကုန်လုံး အခုက ဖယ်ဒရေးရှင်းထဲကနိုင်ငံတွေဖြစ်နေပြီပဲ။ ကျွန်တော်တို့ သဘောထားမတိုက်ဆိုင်တာ တစ်ခုခုအဖုအထစ်ဖြစ်တာကို ဖယ်ဒ‌ရေးရှင်းနည်းလမ်းအတိုင်း ဖြေရှင်းလို့ရတာပဲ။ အဲ့လိုတိုက်ပွဲမှာဆုံဖို့ အခွင့်အရေးမရှိသလောက် နည်းမှာ"

"ခင်ဗျားနိုင်ငံက Mecha နည်းပညာက တခြားနိုင်ငံတွေထက်ကို အတော်လေးရှေ့‌ရောက်နေတယ်ကြားတယ်။ အသန်မာဆုံး Mecha နဲ့ ယှဉ်တိုက်ရမယ့် အတွေ့အကြုံကို အတော်လေး ခံစားကြည့်ချင်ပါတယ်" Denanfry က အမူအရာမဲ့စွာ ပြောလိုက်ပါတယ်။

"လွန်ခဲ့တဲ့နှစ်တွေအတွင်း General Kinlock နဲ့ ယှဉ်တိုက်ဖို့ အခွင့်အရေးမရခဲ့တာ အတော်လေး နှမြောနေခဲ့တာ" John က ပြောလိုက်ပါတယ် "အိုး ဟုတ်သားပဲ Jinming ကြယ်အစုအဝေးက အဖိုးတန်သတ္တုတွေ အောင်အောင်မြင်မြင်တူးဖော်နိုင်ခဲ့တဲ့အတွက် ခင်ဗျားကို ဂုဏ်ပြုစကားဆိုရဦးမှာပဲ။ ဒါပေမယ့် အခုတစ်ကြိမ်တော့ ကျွန်တော်တို့ အလျှော့ပေးမှာ မဟုတ်ဘူးနော်"

"ကျွန်တော်ထင်တာတော့ အခွင့်အရေးက သိပ်မကြာခင် ရောက်လာတော့မှာပဲ။ Jinming ကြယ်မှာ အဖိုးတန်သတ္တုတွေတူးနိုင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ စက်မှုအဖွဲ့က ပိုပြီးသန်မာအားကောင်းလာလို့ပါ။ ဒီတစ်ကြိမ် Haiyang စွမ်းအင်အရင်းအမြစ်တွေ တူးဖော်ခွင့်ကကျ ပိုလုပ်နိုင်တဲ့သူက အရယူနိုင်မှာပဲ"

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now