Arc 10.11

4.6K 632 14
                                        

"မင်း ငါ့ကို ဘာလုပ်ဖို့ ရှာတာလဲ?" Wu Xiuyuan က ပင်ပန်းနွမ်းနယ်ပြီး ရှက်နေပုံရတဲ့ Su Mo ကို ကြည့်ရင်း မေးလိုက်တယ်။

"ကျွန်တော် ကျောင်းကနေထုတ်ခံလိုက်ရတယ် အဖေကလည်း စွန့်လွှတ်လိုက်ပြီ" Su Mo ဗလာဖြစ်စွာ ပြောလိုက်တယ်။

"ငါ သိပြီးပါပြီ။ ငါ စိတ်မကောင်းပါဘူး ဒါပေမယ့် အဲ့ကိစ္စတွေက ငါလည်း ကူညီပေးလို့မရဘူး။ မင်း ငွေလိုတယ်ဆိုရင်တော့ ငါ ကူညီပေးနိုင်ပါတယ်" Wu Xiuyuan လည်း စိတ်ရှုပ်ထွေးလို့နေပါတယ်။ ပန်းချီကား ကူးချတဲ့လူက Su Mo ဖြစ်နေလိမ့်မယ်လို့ သူလည်း ထင်မထားခဲ့ဘူး သူက Su Mo ကို ကာကွယ်ဖို့ရာအတွက် Mu Jin ကို ရိုက်တောင် ရိုက်ပစ်ခဲ့သေးတယ်။ အခု အဲ့အကြောင်းကို တွေးလိုက်မိတော့ အဲ့တုန်းကသာ Mu Jin ပြောတဲ့စကားတွေ သူယုံခဲ့မိရင် Mu Jin လည်း အခုလို သူ့ကိုထောက်ပံ့ပေးမယ့်သူ တစ်ယောက်ယောက်ကို ရှာတွေ့မှာ မဟုတ်လောက်ဘူး။

"ဒါတွေ အကုန် Mu Jin အပြစ်တွေပဲ" Su Mo သူ့ကိုယ်သူ ပြောလိုက်တယ်။

"သူ့လက်ရာတွေကို ကူးချပြီး ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ရာ ငါ့ကို အကူအညီတောင်းခဲ့တယ်။ ဒါက အမှန်ပဲလေ။ ဒါတွေ မင်းမလုပ်ခဲ့ဘူးဆို အခုလိုမျိုး မင်း ဖြစ်မှာမဟုတ်ဘူး" Wu Xiuyuan က ပုံမှန်မဟုတ်တဲ့ ဆင်ခြင်တုံတရားနဲ့ ပြောလိုက်တယ်။

"ဒါဆို သူက ဘာလို့ သက်သေတွေကို ချက်ချင်းထုတ်မပြလဲ?"

Su Mo ခေါင်းကို ဆတ်ခနဲမော့လိုက်ပြီး Wu Xiuyuan ကို ငေးကြည့်လိုက်တယ် "ပန်းချီကား စိတ်ကူးစိတ်သန်းအကြံဉာဏ်အားလုံး သူပိုင်တာဆိုရင် ကျွန်တော် ဆုရတဲ့အထိ အောင်မြင်တဲ့အထိ သူက ဘာလို့ စောင့်နေတာလဲ? နောက်ပြီးမှ သက်သေတွေ သူက ထုတ်ပြတယ်ပေါ့? သူသာ အဲ့ဒီသက်သေတွေ ရှိတယ်ဆိုတာ စောစောကတည်းက ပြခဲ့ရင် ဒီနေ့လိုမျိုး ကျွန်တော် ဖြစ်လာမှာမဟုတ်ဘူး! ကျွန်တော့်အဘွားလည်း သေရမှာမဟုတ်ဘူး!"

"ဖြစ်နိုင်တာက မင်းလက်ရာတွေ သူကူးချတယ်ဆိုပြီး မင်းက မီဒီယာမှာ ဆက်တိုက်ပြောနေတော့ သူ့အပြစ်ကင်းမှုကို ပြဖို့ အတင်းတွန်းအားပေးသလို ဖြစ်သွားတာနေမယ်" Wu Xiuyuan က သူ့ထင်မြင်ချက်ကို ပြောပါတယ်။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Место, где живут истории. Откройте их для себя