Arc 12.17

4.6K 339 27
                                        


တစ်ညလုံးကောင်းကောင်းအိပ်ပြီးတဲ့နောက် Jing Yang နိုးလာတဲ့အခါ အိပ်ရာပေါ်မှာ ပေါင်ပေါ် ကွန်ပျူတာတင်လို့ Gu Mang ထိုင်နေတာတွေ့သည်။

Jing Yang မှောက်ရက်ကလေး ခေါင်းလေးထောင်ကာ Gu Mang ကို သံသယဖြစ်စွာ တိုးတိုးလေး မေးလိုက်သည် "ဘာလို့ စာကြည့်ခန်းထဲသွားမလုပ်တာလဲ? ဒီမှာ ဘာလုပ်နေတာလဲ?"

Jing Yang ရဲ့ ပန်းရောင်သမ်းနေတဲ့မျက်နှာလေးအပြင် ဘာမှဖြစ်တာမတွေ့မှ Gu Mang စိတ်သက်သာရာရပြီး "ဗိုက်ဆာပြီလား?"

Jing Yang သူ့ဗိုက်ကလေးကို ထိရင်း ဗိုက်ဆာတဲ့အကြောင်းကိုပြောလိုက်သည်။ "ကျွန်တော့်အတွက် ပင်လယ်စာဆန်ပြုတ်ချက်ပေးဖို့ စားဖိုဆောင်ကို သွားပြောပေးပါလား"

"ဟုတ်ပါပြီ" Jing Yang ဆံပင်တွေကို ဖွပစ်ခဲ့ပြီး "မြန်မြန်ဆင်းလာခဲ့နော်"

Jing Yang အိပ်ရာက နိုးပေမယ့် ချက်ချင်းဆင်းလာမှာမဟုတ်မှန်း Gu Mang သိ၏။ မထခင် အိပ်ရာထဲမှာ ခဏလောက် လဲနေပေဦးမည်။ ဒါကြောင့် သူအရင် အောက်ဆင်းပြီး Jing Yang စားဖို့ ပြင်ဆင်ခိုင်းရသည်။

Gu Mang ထွက်သွားတာနဲ့ သူမေ့မလဲခင် ရုတ်တရက်ပေါ်လာတဲ့ မြင်ကွင်းတွေကို ပြန်လည်မြင်ယောင်နေသည်။ အရင်က တစ်ခါမှမမြင်ဖူးတဲ့မြင်ကွင်းတွေ ဘာလို့ ရုတ်တရက်ကြီး မြင်ရတာလဲ? ပြီးတော့ အနီရောင်ဝတ်စုံနဲ့လူ ဓါးနဲ့ထိုးလိုက်တုန်းက ဘာလို့ တကယ်လို့မျိုးကြီး နာရတာလဲ။

ကိစ္စတွေကို ဖြေရှင်းကြည့်ဖို့ရာ ပိုပိုပြီး ခက်ခဲလာခဲ့သည်။ ဘာလို့ သူအမြဲတမ်းထိုင်းမှိုင်းသထက် ထိုင်းမှိုင်းလာရတာလဲ? ဘာကြောင့် အဲ့လိုပုံရိမ်မျိုးကို ကိုယ်တိုင်ကြုံတွေ့ပြီး တကယ်ကြီးလို ခံစားရတာလဲ? သူ့ဝိဉာဉ်ကများ ပြဿနာဖြစ်နေတာလား? ဒါမှမဟုတ် သူ့ဝိဉာဉ်က စနစ်နဲ့ ပြဿနာများဖြစ်နေတာလား?

Jing Yang အကြာကြီးတွေးတောနေပေမယ့် ဘာမှ စဉ်းစားလို့မရခဲ့ဘူး။ Gu Mang အောက်ထပ်မှာ အတော်ကြာစောင့်နေပေမယ့် ဆင်းလာတဲ့ခြေသံကို မကြားရတာကြောင့် အပေါ်ထပ် တက်လာပြီး အိပ်ရာထဲက သူ့ကို ဆွဲထုတ်ပါတော့တယ်။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now