Arc 8.17

4.7K 672 17
                                        


Fetani အရာရှိတွေက Jing Yang နဲ့တွေ့ခွင့်ရဖို့ အပြင်းအထန်တောင်းဆိုနေကြပေမဲ့ Wilkesa အရာရှိတွေက အဲ့ဒီတောင်းဆိုချက်ကိုလက်မခံခဲ့ဘဲ ပယ်ချလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူက Fetani က လူတစ်ယောက် ဖြစ်နေဆဲပဲလေ။ သူတို့ Jing Yang နဲ့တွေ့ဖို့အမြဲလိုလိုပိတ်ပင်နေမယ်ဆိုရင် Jing Yang ကို သူတို့အတင်းအဓမ္မ ထိန်းသိမ်းထားပြီး Fetani ကို ပြန်မပို့ချင်လို့ဆိုတဲ့အချက် Fetani အရာရှိတွေက ပြောတော့မှာပါ။ ဒီလိုဆို Wilkesa ရဲ့ပုံရိပ်ဂုဏ်သိက္ခာကလည်း ကျဆင်းသွားမှာ။

ဒါနဲ့ပဲ Wilkesa အရာရှိတွေက Jing Yang ကို Fetani ကလူတွေနဲ့ တွေ့စေပြီးမှ သူကိုယ်တိုင်ငြင်းပယ်တာမျိုး လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ Wilkesa ပြည်သူတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး အတော်လေး စိုးရိမ်နေကြပါတယ်။ Jing Yang ကိုယ်တိုင်ကိုက လိုလိုလားလားနဲ့ Wilkesa မှာနေမယ်လို့ပြောခဲ့တယ်ဆိုရင်တောင် အနာဂတ်မှာ သူ Fetani ပြန်မသွားဘူးလို့ ဘယ်သူက အာမခံနိုင်လို့လဲ?

"အယောင်ဆောင် လက်ထပ်မယ်?" ဝန်ကြီးချုပ် Bloch ရဲ့အဆိုပြုချက်ကိုကြားတော့ Denanfry အနည်းငယ်အံ့အားသင့်သွားတယ်။

"ဒီနည်းလမ်းက ပြည်သူတွေ ကျေနပ်အောင်လုပ်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ" Bloch ရှင်းပြလိုက်တယ် "Skien က ငါတို့နိုင်ငံသားမဟုတ်သေးတဲ့အချက်ကို အခု ပြည်သူတွေက စိုးရိမ်နေကြတယ်။ ပြီးတော့ Fetani အရာရှိတွေကလည်း Skien ကို ပြန်ပို့ဖို့ တဂျီဂျီဆက်တိုက်လုပ်နေကြတယ်။ ဒီတော့ ငါတို့ ဆွေးနွေးပြီး မင်းတို့နှစ်ယောက်ကို အရင်ဆုံး ခဏလောက် အယောင်ဆောင်လက်ထပ်ပြီး ပြည်သူတွေကို အတိုင်းအတာတစ်ခုလောက်ထိ ငြိမ်းချမ်းအောင်လုပ်မလို့လေ"

Denanfry နဲ့ Jing Yang နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။

Bloch က Jing Yang ကို "တကယ်လို့ မင်းအနေနဲ့ ဆန္ဒမရှိဘူးဆိုရင်လည်း ငါတို့ မင်းကို အတင်းမတိုက်တွန်းပါဘူး"

Bloch နဲ့ Denanfry က နှစ်ပေါင်းများစွာ ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်ခဲ့တာမို့ Denanfry အကြောင်းနဲ့ အကျင့်စရိုက်ကို အတော်လေးနားလည်ပါတယ်။ Jing Yang အပေါ်မှာ Denanfry သေချာပေါက် စိတ်ဝင်စားနေတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းသိထားတယ်။ သူစိတ်မဝင်စားဘူးဆိုရင် သူ့ကိုကယ်ခဲ့မှာမဟုတ်သလို နေရာတိုင်းကနေ ကာကွယ်ပေးဖို့နဲ့ အထောက်အပံ့ပေးခဲ့မှာမဟုတ်ဘူး။ သူ့ဂုဏ်သတင်းကိုတောင် အသုံးပြုပြီး အာမခံအနေနဲ့တောင် သုံးလိုက်သေး။ ဒါပေမဲ့ Jing Yang ရင်ထဲမှာ ဘာတွေခံစားနေရမလဲဆိုတာ သူမသိဘူး။ ပြီးတော့ သူတို့နှစ်ယောက်ကို သူက အတင်းတွန်းအားပေးနေတယ်လို့လည်း မခံစားစေချင်ဘူး။ ဘာလို့ဆို အဲ့ဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်နိုင်လို့ပါပဲ။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now