Arc 9.8

4.8K 697 8
                                        

နေမင်းကြီးရဲ့အလင်းရောင်က လူတွေအပေါ်ကို ကျရောက်လာပါတယ်။ ဘုရင်နဲ့ အရာရှိတွေ ရင်ပြင်မှာထိုင်နေတာ အတော်လေးကြာနေပါပြီ။ နေအပူရှိန်က အတော်လေးမြင့်တာကြောင့် အမိုးအကာတွေတောင် ဆောက်ပေးထားရပါတယ်။ ဘာလို့ဆို လူတိုင်း ချွေးတွေ မရပ်မနားစီးကျလာတာမို့ပါ။ အဲ့လိုဖြစ်နေတာတောင် ကောင်းကင်မှာ တိမ်သားတိမ်လိပ်အနည်းငယ်တောင် မမြင်ရသေးပါဘူး။

နောက်ဆုံးအကြိမ် Abby မိုးခေါ်တုန်းကလည်း အချိန်အတော်လေး ယူခဲ့တာကြောင့် အခု ကောင်းကင်မှာ ဘာလှုပ်ရှားမှုမှမရှိတာကို ဘုရင်နဲ့ အရာရှိတွေ ထူးထွေပြီး မအံ့ဩတော့တာပါ။

Reibar ဘေးကိုငဲ့ပြီး Jing Yang ကိုကြည့်ပါတယ်။ ပုတီးစေ့ရဲ့စွမ်းအင်ကို Jing Yang မျက်လုံးတွေမှိတ်ပြီး အာရုံခံနေတာပါ။ ဒီလောက်အကွာအဝေးကဆို သူပုတီးစေ့ကို တွန်းအားပေးပြီး ထိန်းချုပ်လို့ရပါပြီ။

Jing Yang ဆီက မှော်စွမ်းအင် ခံစားလိုက်ရတဲ့အခါ Abby လက်ထဲက ပုတီးစေ့က တရစပ် ခါယမ်းလာပါတယ်။ Abby နှလုံးသားထဲမှာ အရမ်းထိတ်လန့်နေပြီး ပုတီးစေ့ကို ဆောက်တည်ရာမဲ့ ညစ်ဆုပ်ထားပြီး ထွက်ပြေးခွင့်မပေးခဲ့ပါဘူး။

Abby မျက်လုံးမှေးမှေးလေးနဲ့ ကြည့်လိုက်တဲ့အခါ စင်အောက်မှာ Jing Yang က မျက်လုံးမှိတ်ထားတာ တွေ့လိုက်ပါတယ်။ Jing Yang ပုတီးစေ့ကို ထိန်းချုပ်နေပြီဆိုတာ သူခန့်မှန်းမိပြီးသားပါ။ ထိတ်လန့်နေတာအပြင် Jing Yang ကို အမုန်းကြီး မုန်းနေပါတယ်။ ဒီပျော်ရွှင်မှုတွေကို သူအခက်အခဲတွေကြားက ရခဲ့တာ။ သူ့အဖေနဲ့ ဦးလေးအများကြီးရဲ့အသက်ကို စတေးခံပြီးမှ ဒီပျော်ရွှင်မှုကို ရခဲ့တာ။ ဒီလိုလွယ်လွယ်လေးနဲ့ လုယူခံလိုက်ရလို့ ဘယ်ဖြစ်မလဲ။ ဒီပျော်ရွှင်မှုကို သူ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူ့ဘဝကို ဘယ်သူကမှ မဖျက်ဆီးနိုင်စေရဘူး။

အချိန်အတော်ကြာပြီးတဲ့နောက် Jing Yang မျက်လုံးတွေ ပွင့်လာပြီး စင်ပေါ်က Abby ကို ကြည့်လိုက်တယ်။

Reibar က Jing Yang လက်ကို ကိုင်လိုက်တော့ Jing Yang သူ့ကို လှည့်ကြည့်လိုက်တယ်။ သူ့မျက်ဝန်းထဲမှာ မေးမြန်းလိုဟန်တွေ တွေ့တော့ Jing Yang ခေါင်းညိတ်ရင်း သူပြီးသွားပြီဖြစ်တဲ့အကြောင်း ပြောပြလိုက်တယ်။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now