Arc 11.5

4.2K 636 26
                                        

ဆေးရုံကို Du Jie ရောက်တော့ Wen Zhu က ရုပ်ပျက်ဆင်းပျက် ငိုယိုနေပြီး Xi Guangshan ခုတင်ဘေးမှာ ထိုင်ရင်း စကားပြောနေတာကို တွေ့လိုက်တယ်။ Xi Guangshan က သတိလစ်သွားလို့ မျက်နှာကို ပိတ်ကျဲစနဲ့ အုပ်ထားပေမယ့် Wen Zhu နဲ့ ဆက်သွယ်နိုင်တာကို မြင်တော့ Du Jie စိတ်သက်သာရာရသွားတယ်။

"အဖေ သက်သာရဲ့လား?" Du Jie က ခုတင်နားကပ်ပြီး Wen Zhu ဘေး ခုံတစ်လုံးဆွဲယူ ထိုင်လိုက်တယ်။

Xi Guangshan အားအင်ချိနဲ့စွာနဲ့ ခေါင်းကို ယမ်းပြတယ်။ တကယ်က သူ့မျက်နှာတစ်ခုပဲ ဒဏ်ရာရပြီး ခန္ဓာကိုယ်က အကောင်းကြီးပဲလေ။ သူက ဒေါသတကြီးနဲ့ အားကုန်သုံးပြီး အော်ဟစ်ပစ်လိုက်လို့သာ အခုလို အားနည်းဖျော့တော့နေတာ။

Wen Zhu ကတော့ မျက်ရည်တွေ အဆက်မပြတ်စီးကျနေရင်း Du Jie လက်မောင်းပေါ်မှာ ငိုနေပါတယ်။

"အဲ့ဒီအရိုင်းအစိုင်းကောင် Xi Le က လူလို့တောင် ခေါ်လို့ မရတော့ဘူး။ ကိုယ့်အဖေရင်းကိုတောင် ဒီလိုတွေဖြစ်အောင် လုပ်တယ်။ လူစိတ်မရှိတော့ဘူးထင်တယ်"

"အဖေက ကိုယ့်ဘာသာ လဲကျတာဆို?" Du Jie က သူကြားထားတဲ့အတိုင်း လွှတ်ခနဲ ပြောထွက်သွားပြီးမှ နောင်တရသွားတယ်။ Wen Zhu ကို Xi Guangshan က ပြောပြပြီးသွားပြီဆို သူဘာမှ လုပ်ဖို့ မလိုအပ်လောက်တော့ဘူးလေ။

"သူက Xi Rui ကို အရင် ကျူးလွန်တာလေ။ သူ့အဖေက သူ့ကို ပညာပေးဖို့ သွားတာ ဒါပေမယ့် အဖေရိုက်တာတောင် သူက ရှောင်ရဲပြီး ဒီလိုမျိုး သူ့အဖေကို နာကျင်ရအောင် လုပ်ပစ်လိုက်တယ်...." Wen Zhu က လက်ထဲမှာ တစ်ရှူးစကို ကိုင်ရင်း ဝမ်းပမ်းတနည်း ငိုယိုနေတယ်။

Du Jie က ချက်ချင်း ထောက်ခံလိုက်ပြီး "Xi Le က လူမဟုတ်တော့ဘူးဘဲ။ အဖေက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ မိဘက သားသမီးကို ရိုက်နှက်တယ်ဆိုတာ အကျိုးအကြောင်းသင့်တာပဲကို။ သူက ရှောင်လိုက်ရုံတင်မကဘူး အဖေကိုတောင် ဒဏ်ရာရစေလိုက်သေးတယ်။ တကယ်ပဲ သားသမီး မပီသတဲ့ ကောင်ပဲ။ သူဒီလိုတွေလုပ်နေရင် နောင်ကျ ပြန်ပေးဆပ်ရမှာ တွေးနေစရာတောင် မလိုဘူး"

Wen Zhu က မျက်ရည်တွေသုတ်လိုက်ပြီး Xi Guangshan ဘက်လှည့်ပြီး ပြောလိုက်တယ်။ "သူကို ဘုရားက အပြစ်ပေးမှာ အသေအချာပဲ။ ဒါပေမယ့် ယောက်ျား ရှင် သူ့ကို ဒီတိုင်း လွှတ်ပေးထားလို့မဖြစ်ဘူးနော်။ သူ့ကို အပြစ်ပေးမှဖြစ်မယ် မဟုတ်ရင် သူ တကယ်ပဲ စည်းမဲ့ကမ်းမဲ့ဖြစ်သွားရင် နောင်ကျ ရှင်သူ့ကို ဘယ်လိုထိန်းလို့ရပါတော့မလဲ?"

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now