Arc 11.6

4.4K 631 20
                                        

Jing Yang ပြောလိုက်တဲ့စကားတွေကြောင့် သူက အာဟာရပြည့်ဝတဲ့အစားအသောက်တွေ အထူးပြုချက်ပြုတ်တဲ့သူလို့ He Lang ခန့်မှန်းလိုက်ပါတယ်။ တကယ်လို့ Jing Yang ချက်တာ တကယ်ပဲ အရသာမကောင်းဘူးဆိုရင် သေးသေးလေးပဲ စားပြီး မှာစားဖို့ အေးအေးသက်သာ အကြံပြုမယ်လို့ သူ တွေးထားပြီးသွားပြီ။

ကြီးကြီးမားမားမျှော်လင့်ထားသလိုမျိုး ဟင်းလျာတွေ Jing Yang မချက်ခဲ့ပါဘူး။ သူ အရမ်းကြိုက်တဲ့ ရိုးရိုးရှင်းရှင်း ထမင်းကြော်လေးပဲပြင်ဆင်လိုက်တယ်။ ဒီနောက်ပိုင်း သူသိပ်ပြီး စားသောက်ချင်စိတ်မရှိလို့သာ ချက်စားဖြစ်တာ။ သူကြိုက်တာလေးတွေပဲ ချက်စားချင်တာလေ။

စားပွဲပေါ်ကို ပန်းကန်တွေချနေတဲ့အချိန် He Lang ခဏလောက် နောက်ဆုတ်နေလိုက်တယ်။ သူ Jing Yang လက်ရာကို မြင့်မြင့်မားမားကြီး မျှော်လင့်မထားဘူးလေ။ လွယ်ကူတဲ့အရာလေးဆိုပေမယ့် ဒါတွေက အရောင်၊ အနံ့၊ အရသာက ပြည့်စုံလွန်းနေတယ်။ အနံ့နဲ့တင် ဒီစားစရာတွေရဲ့ အရသာက ထိပ်တန်းဖြစ်နေမယ်ဆိုတာ မင်း အတပ်ပြောလို့ရတယ်။

Jing Yang ကတော့ He Lang အတွက် ညစာ တည်ခင်းပြီး စားတဲ့တလျှောက်လုံး သူ့ကို လျစ်လျူရှုထားတယ်။

အိမ်ကြီးရှင်လိုမျိုး He Lang က ပြုမူနေတာမို့ ယဉ်ကျေးမနေတော့ဘဲ ပန်းကန်တွေပြင်ဆင်ပြီးတာနဲ့ စပြီး စားပါတော့တယ်။

Jing Yang ရဲ့အချက်အပြုတ်စွမ်းရည်က သူ့ကို ရိုးရိုးရှင်းရှင်းအနိုင်ယူသွားတယ်လို့ ခံစားလိုက်ရပြီး အနာဂတ်ကျရင် မကြာခဏဆိုသလို လာလည်ဖို့ကိုလည်း စိတ်ထဲကနေ တိတ်တိတ်လေး ဆုံးဖြတ်လိုက်သေးတယ်။

စားနေတဲ့တစ်ချိန်လုံး ရေကန်ထဲမှာ အရိပ်ထင်နေသလို တဖျပ်ဖျပ်လက်နေတဲ့ Jing Yang ရဲ့ မျက်တောင်ရှည်ရှည်အောက်က ထူးဆန်းပြီး ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းတွေကို He Lang ငေးနေမိတော့တယ်။ ပြောရမယ်ဆို သူနည်းနည်း ပဟေဠိဖြစ်နေတာ။ ဒီလူနဲ့ အရင်က ဆက်ဆံဖူးတာမရှိဘူးဆိုတာ အသိသာကြီးပဲကို။ အခုလို မျက်နှာချင်းဆိုင်ပြီး သူနဲ့ထမင်းစားဖူးတာလည်း ပထမဆုံးပဲလေ။ ဘာလို့ ဒီလိုမျိုး အရင်ကလည်း ကြုံခဲ့ဖူးသလို ခံစားနေရတာပါလိမ့်? အရင်ကလည်း ဒီလိုမျိုး အများကြီး ဖြစ်ဖူးသလိုလို????

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now