Arc 9.2

5.6K 736 17
                                        

Arc 9.2

ရဲတိုက်လိုမျိုး အဆောက်အဦးဆီ Jing Yang ခေါ်သွားခံရပြီး နောက်ဆုံးမှာ သူ့ကိုဝယ်ခဲ့တဲ့လူနဲ့ တွေ့ရပါပြီ။

Jing Yang Cheongsam နဲ့တူတဲ့ အဖြူရောင်ချည်သား ဝတ်ရုံရှည်ဝတ်ဆင်ထားပြီး ဘုရားကျောင်းဆောင်ကြီးလိုကျယ်ဝန်းတဲ့ ဧည့်ခန်းမှာ ရပ်နေပါတယ်။ ရဲတိုက်ကြီးရဲ့ပိုင်ရှင်ဖြစ်ပုံရတဲ့သူက သူ့ရှေ့ ဆိုဖာပေါ်မှာ အင်အားနဲ့စွမ်းအားပြည့်နှက်နေတဲ့အရှိန်အဝါတွေထုတ်ရင်း သူ့ကိုစိုက်ကြည့်နေပါတယ်။

Jing Yang Cheongsam နဲ့တူတဲ့ အဖြူရောင်ချည်သား ဝတ်ရုံရှည်ဝတ်ဆင်ထားပြီး ဘုရားကျောင်းဆောင်ကြီးလိုကျယ်ဝန်းတဲ့ ဧည့်ခန်းမှာ ရပ်နေပါတယ်။ ရဲတိုက်ကြီးရဲ့ပိုင်ရှင်ဖြစ်ပုံရတဲ့သူက သူ့ရှေ့ ဆိုဖာပေါ်မှာ အင်အားနဲ့စွမ်းအားပြည့်နှက်နေတဲ့အရှိန်အဝါတွေထုတ်ရင်း သူ့ကို...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(Cheongsam ဆိုတာ ဒီလိုမျိုးပါ)

သူ့အကြည့်စူးစူးအောက်မှာ Jing Yang အနည်းငယ်မသက်မသာခံစားလိုက်ရတာမို့ မကြည့်ရဲသလိုရိုးရိုးရှင်းရှင်းခေါင်းငုံ့လိုက်ပါတယ်။

"ဒီနားကို လာ" Reibar က Jing Yang ကို ကြည့်လိုက်တယ်။

Jing Yang ရင်ထဲမှာ တွန့်ဆုတ်သလိုခံစားလိုက်ရပေမဲ့ သူက တခြားသူပိုင်နက်ကို ဝင်ရောက်ပြီးပြီမလား ဒီတော့ သူ့မနာခံလို့မရဘူးလေ။ မလိုအပ်ဘဲ သူကျေးဇူးတင်တာ၊ ငြင်းဆန်တာမျိုး လုပ်မှာမဟုတ်ဘူး။ ဒီပုဂ္ဂိုလ်ရဲ့အကူအညီကို သူလိုနေဆဲဆိုတာတော့ အထူးပြောစရာမလိုပါဘူး။

သူ တစ်လှမ်းချင်းစီ ဖြည်းညင်းစွာလျှောက်သွားလိုက်တယ်။ သူလမ်းလျှောက်တာ အရမ်းနှေးတယ်လို့ Reibar တွေးနေပြီး Jing Yang သူ့ဘေးရောက်မလာခင်မှာဘဲ Reibar မတ်တပ်ရပ်လိုက်ပြီး သူ့ဆီ တိုက်ရိုက်လျှောက်သွားလိုက်ပါတယ်။

Jing Yang သူနဲ့တိုက်မိတော့မလိုဖြစ်သွားတာကြောင့် နောက်ကို အလိုလိုဆုတ်လိုက်မိပါတယ်။ နောက်တစ်လှမ်းဆုတ်လိုက်မယ့်အချိန် သူ့ခါးတစ်ဝိုက်ကို တစ်ဖက်လူရဲ့သန်မာတဲ့လက်မောင်းတွေနဲ့ရစ်သိုင်းခြင်းခံလိုက်ရပြီး သူ့ကိုအနည်းငယ်မြှောက်လိုက်ပါတယ်။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now