ပြိုင်ပွဲ ဒုတိယပိုင်း စလေပြီ။ အရင်က ဒီလိုစည်းမျဉ်းမျိုး ပြိုင်ပွဲမှာ တစ်ခါမှမသုံးခဲ့ဖူးပေ။ ဒါကြောင့် ပရိတ်သတ်အားလုံး စိတ်အားတက်သန်နေကြသည်။
Ji Xiao အခန်းက Jing Yang ရဲ့ဘေးကပ်ရပ်ပါ။ ပြိုင်ပွဲမစတင်ခင် Jing Yang က သန့်စင်ခန်းသုံးဖို့ပြင်နေခဲ့သည်။ အခန်းအပြင်ကို ထွက်လိုက်ချင်းမှာပဲ အနားယူဖို့ ပြင်နေတဲ့ Ji Xiao ကိုတွေ့လိုက်သည်။
Jing Yang သူ့ကို လျစ်လျူရှုကာ အကြည့်လွှဲရင်း လျှောက်သွားသည်။
သူ့အခန်းထဲဝင်ဖို့ Ji Xiao ခဏလောက်တုန့်ဆိုင်းနေအပြီး Jing Yang နောက်ကနေ သန့်စင်ခန်းရှိရာ လိုက်သွားသည်။
Jing Yang အိမ်သာကထွက်အလာ ဘေစင်မှာ မတ်တပ်ရပ်နေတဲ့ Ji Xiao ကို မြင်သွားသည်။ သန့်စင်ခန်းတစ်ခုလုံး သူတို့နှစ်ယောက်တည်းသာရှိလေသည်။ Ji Xiao က ဝင်လာပေမယ့် အိမ်သာသုံးဖို့မဟုတ်ဘဲ သူ့ကိုစောင့်ခြင်း သက်သက်သာ။
သူ စကားစပြောတာကို Ji Xiao က စောင့်နေတဲ့ပုံပင်။ Jing Yang က သူ့ကိုလျစ်လျူရှုပြီး ဘေစင်မှာ ရေပိုက်ခေါင်းကို ဖွင့်လိုက်၏။
"Liu Hang မင်းကို လာတွေ့သေးလား?" Ji Xiao မေးသည်။
မှန်ကတဆင့်မြင်နေရတဲ့ Ji Xiao ကို ကြည့်လိုက်ရင် Jing Yang ဘာတစ်ခွန်းမှ မပြောခဲ့ဘူး။ ဒါပေမယ့် မြင်ရသလောက် Ji Xiao မျက်နှာက အနည်းငယ် ဖျော့တော့ပြီး နာဖျားနေဟန်တူသည်။ Jing Yang မျက်မှောင်ကြုတ်ရင်း အသေအချာကြည့်လိုက်တော့ အဲ့တာက မိတ်ကပ်တွေ။ ကြည့်ရတာ သူဒီနေ့အတွက် အတော်လေး ပြင်ဆင်လာပုံပဲ။
"လွန်ခဲ့တဲ့နှစ်ရက်လောက်က နေမကောင်းဖြစ်နေတဲ့ငါ့ထက်တောင် သူက ပိုပြီး ကူကယ်ရာမဲ့နေသလိုပဲ။ သူမင်းကို ထပ်ခေါ်သေးလား? ငါတို့နှစ်ယောက်ကို ဒီတိုင်းလွှတ်ထားပေးလို့မရဘူးလား?" Ji Xiao ဆက်တိုက်မေးနေသည်။
"မင်း ငါ့နား တဝဲလည်လည်လုပ်နေစရာမလိုပါဘူး" Jing Yang လက်သုတ်ရင်း "မင်းရဲ့ ပေါက်ကရစကားတွေ သည်းခံပြီး နားမထောင်ချင်ဘူး"
"ငါနဲ့ Liu Hang တို့ လူသိရှင်ကြားတွဲနေတာကို မင်း သတိမထားဘူးလား?" Ji Xiao က ဒေါသတကြီး Jing Yang ကို ကြည့်ရင်း "မင်း သူ့ကို မြှူဆွယ်ခဲ့တယ်။ ငါ့မှာအချိန်သိပ်မရှိတော့ဘူးဆိုတာ သိရက် အခု ဘာလို့ သူ့ကို ထပ်မြှူဆွယ်ဖို့ ကြိုးစားနေရတာလဲ? ဒီကမ္ဘာကြီးကနေ ငါထွက်သွားတဲ့အခါ မင်းကြိုက်တာ လုပ်လို့ရနေတာပဲလေ မဟုတ်ဘူးလား?"
VOCÊ ESTÁ LENDO
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
Aventuraကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...
![အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]](https://img.wattpad.com/cover/293131710-64-k152408.jpg)