Arc 11.13

3.6K 496 14
                                        

အနည်းငယ်စားသောက်အပြီး He Lang ဧည့်ခန်းထဲမှာ ထိုင်ရင်း အလုပ်လုပ်ဖို့ ကွန်ပျူတာ ဖွင့်လိုက်တယ်။ Jing Yang က တော့ ထမင်းစားပွဲပေါ်မှာ တစ်ဝက်မှီချရင်း ကိုယ်ခံအားတွေကုန်သွားတာမို့ အစားတောင် သေချာမစားနိုင်ဘူး။ သူ့ပန်းကန်ထဲက ၇၀ ရာခိုင်နှုန်းလောက် စားအပြီးမှာ ပြန်အိပ်ချင်လာပြန်တယ် ဒါပေမယ့် သူ He Lang ကို ပြောစရာရှိနေတာမို့ သူတက်တက်ကြွကြွမတ်တပ်ရပ်လိုက်ပြီး ဧည့်ခန်းထဲ လျှောက်လာတယ်။

He Lang ပေါင်ပေါ် Jing Yang တက်ထိုင်လိုက်ပြီး ပခုံးတွေပေါ်ကို လက်မောင်းနဲ့ ပွေ့ဖက်လိုက်ရင်း "ကျွန်တော့်ကို တစ်ခုလောက် ကူညီပေးပါလား"

He Lang လက်မောင်းတွေက သူ့ခါးတစ်ဝိုက်ဆီရောက်လာရင်း သူ့ကို စိုက်ကြည့်ကာ "ဘာများလဲ?""Xi Rui ဆံပင် ဒါမှမဟုတ်‌ သွေးဖြစ်ဖြစ် ရမယ့်နည်းလေး ရှာပေးပါလား။ ပြီးတော့ သူနဲ့ ကျွန်တော်တို့ရဲ့ သွေးသားတော်စပ်မှုကို DNA စစ်ဖို့ကူညီပေးဦး" Jing Yang ပြောလိုက်တယ်။

"သူနဲ့မင်းနဲ့ ညီအစ်ကိုမဟုတ်ဘူးလို့ သံသယရှိနေတာလား?" He Lang ခဏလောက်စဉ်းစားပြီးမှ သူ့ကိုမေးလာတယ်။

"ဒါ သံသယသက်သက်မဟုတ်ဘူး" Jing Yang က သေချာတဲ့လေသံနဲ့ ပြောလိုက်တယ်။ "Xi Rui က Xi Guangshan သားမဟုတ်ဘူး။ ကျွန်တော် DNA သေချာလေးစစ်ပြီး အမှန်တရားကို ထုတ်ဖော်ချင်တယ်""သူက Xi Guangshan သားအရင်းမဟုတ်ဘူးဆိုတာ မင်း ဘယ်လိုလုပ်သိတာလဲ?" He Lang က သိချင်စိတ်ပြင်းစွာနဲ့ မေးလာတယ်။

"..... ကျွန်‌တော် ဒီတိုင်းပဲ သိတာ" Jing Yang က သူသိတယ်ဆိုတဲ့အကြောင်းပဲပြောနိုင်တယ် ဘယ်လိုသိတယ်ဆိုတာတော့ ပြောစရာမလိုဘူးလေ။

"Xi Rui သွေးသားအရ အဖေရင်းက ဘယ်သူလဲဆိုတာပါ ကျွန်တော်သိတယ်။ Xi Rui ရဲ့ခေါင်းဆောင်မှုအောက်မှာ Xi Sheng ကုမ္ပဏီက အခက်အခဲကြီးကြီးမားမားရင်ဆိုင်နေရပြီ။ သူ ဥက္ကဌအဖြစ် ဆက်ပြီးကြာကြာရှိနိုင်မယ်မထင်ဘူး။ သူနဲ့ Xi Guangshan က ကျွန်တော့်ကို ဖယ်ရှားဖို့ ရှိရှိသမျှနည်းလမ်းပေါင်းစုံသုံးခဲ့တာ။၊ ကျွန်တော်က ဆန္ဒအလျောက် နှုတ်ထွက်လိုက်လို့သာ သူက ဥက္ကဌဖြစ်လာတာ။ ဒီလောက်အချိန်တိုတိုလေးအတွင်း သူက ပြန်ညှိနှိုင်းလို့ရမယ့်သူ မဟုတ်ဘူးနော်။ သူတစ်ခုခုတော့ လုပ်လိမ့်မယ်"

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now