ပြိုင်ပွဲရလဒ်တွေဟာ နောက်ဆုံးမှာ ထွက်ပေါ်လာခဲ့ပါပြီ။ Jing Yang [ဂျင်ယန်] ရဲ့ (Holy Light) က အမြင့်ဆုံးဆုကြီး ဆွတ်ခူးနိုင်ခဲ့ပြီး Mu Jin [မုကျင့်] ပန်းချီကားကို ကူးချထားတဲ့ Su Mo [စူမော့] ရဲ့ (Merciful Graces) က ပထမဆု ရခဲ့တယ်။
နောက်ဆုံးရလဒ်ကို ကြားတော့ Su Mo လုံးဝကို ကြောင် အ သွားတယ်။ Mu Jin က နောက်တစ်ပုံဆွဲပြီး ပြိုင်ပွဲဆီ ပန်းချီကားကို တိုက်ရိုက်ပို့လိုက်မယ်လို့ ထင်မထားတာကြောင့် Wu Xiuyuan [ဝူရှို့ယွမ်] ဘာအမူအရာ ပြရမှန်းမသိတောင် ဖြစ်နေတယ်။
(TN/ စာဖတ်သူ တစ်ယောက်က ဇာတ်ကောင်နာမည်တွေ ရေးပေးပါဆိုလို့ အသံထွက်ကို အနီးစပ်ဆုံးတူအောင် မြန်မာလို ရေးပေးထားပါတယ်နော်။ မှားယွင်းတာလည်း ဖြစ်နိုင်တာကြောင့် မှားနေတယ်ထင်ရင် ပြောပြပေးပါ ပြန်ပြင်ပေးပါ့မယ်)
အခုလိုမျိုး နိုင်ငံတကာ အနုပညာပြိုင်ပွဲမှာ Lushan Academy ရဲ့ အနုပညာဌာနအနေနဲ့ အမြင့်ဆုံးဆုကြီးနဲ့ ပထမဆုကို ရခဲ့ပါတယ်။ ကျောင်းခေါင်းဆောင်ပိုင်းတွေက အလွန်ပျော်ရွှင်နေကြပြီး ဒီကိစ္စကို အတော်လေး အလေးထားကြပါတယ်။
Mu Jin ရဲ့ အရင်က မှတ်တမ်းက ပယ်ဖျက်လိုက်ပြီဆိုပေမယ့် လူနည်းစုလောက်က ဒီအကြောင်းကို သိနေခဲ့တယ်။ Mu Jin က အမြင့်ဆုံးဆု ရခဲ့တဲ့အတွက် ကျောင်းက သူ့မှတ်တမ်းကို ဖယ်ရှားလိုက်ပြီဆိုတဲ့အကြောင်း ၊ ပညာသင်ထောက်ပံ့ကြေးနဲ့ ရပိုင်ခွင့်တွေကိုလည်း ဆက်လက်ပေးအပ်မယ့်အကြောင်းတွေကို တိုက်ရိုက်ကြေညာခဲ့ပါတယ်။
ကျောင်းခေါင်းဆောင်ပိုင်းတွေက Mu Jin ကို ထပ်မံစဉ်းစားပေးပြီး စိတ်ဝင်စားဟန်ပြလာတာကို Su Mo မြင်တော့ သူ့ရင်ထဲ နာကျင်မှုခံစားလိုက်ရတယ်။ တကယ်က သူ့တစ်ယောက်တည်း ပျော်ရွှင်သင့်တဲ့အရာကို အခုတော့ Mu Jin က အကြီးမားဆုံးအစိတ်အပိုင်းကို ခိုးယူသွားတယ်လို့ သူတွေးနေတယ်။ သူလည်း ပထမဆုရတဲ့သူပါ ဒါပေမယ့် အမြင့်ဆုံးဆု ဆိုတဲ့ အရိပ်ကြီးက ဖုံးအုပ်ခံလိုက်ရတော့ သူ့အောင်မြင်မှုက မှေးမှိန်သွားတော့ သူဘယ်ပျော်နိုင်ပါတော့မလဲ?
ဆုလက်ခံရမယ့်အချိန်ရောက်တော့ Jing Yang က သဘာဝကျကျ အာရုံစိုက်ခံနေရပါတယ်။ သူ စင်ပေါ်ရောက်တော့ ပွဲကျင်းပသူက သူ့ကို အင်တာဗျူးပြီး တခြားသတင်းထောက်တွေကလည်း သူ့ကိုပဲ မေးခွန်းတွေ မေးကြပါတယ်။
YOU ARE READING
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
Adventureကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...
![အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]](https://img.wattpad.com/cover/293131710-64-k152408.jpg)