Arc 8.14

5K 690 11
                                        


Poison Wolves ရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ Chat က ညှင်းပန်းနှိပ်စက်မှုဒဏ်ကို ခံနိုင်ရည်ရှိတယ်လို့ သတ်မှတ်လို့ရတယ်။ ဘယ်လောက်ပဲနှိပ်စက်ပါစေ အချိန်အတိုင်းအတာတစ်ခုအထိ ခေါင်းမာပြီးနေနိုင်တယ်လို့ သူခံစားနေရတယ်။ ဒါပေမဲ့ သုံးရက်မြောက်နေ့ Jing Yang လာကြည့်တဲ့အချိန် သူထပ်ပြီး သည်းမခံနိုင်တော့ပါဘူး။ John က သူ့ကိုလာကယ်မှာမဟုတ်ဘူးဆိုတာ သူ့ရင်ထဲ ရှင်းရှင်းလင်းလင်းသိသွားလို့လည်း ဖြစ်နိုင်သလို အဓိပ္ပါယ်မရှိဘဲ ခေါင်းမာနေတာထက် Jing Yang ပြောတဲ့အတိုင်း လိုက်လုပ်တာက သက်သာရာရမယ်ဆိုတာ သိသွားတာလည်း ဖြစ်နိုင်ပါတယ်။

Federation Star မှာ အရင်တစ်ခေါက်က John သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သလို ဒီတစ်ခေါက်တော့ Jing Yang က သတင်းစာရှင်းလင်းပွဲလုပ်မယ့်အကြောင်း ကြေညာလိုက်ပါတယ်။

အခုတစ်ကြိမ်သတင်းစာရှင်းလင်းပွဲက Federation တစ်ခုလုံးအတွက် အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အကြောင်း သူတို့တောင်းဆိုလိုက်ပြီး Wilkesa ကလည်း Federation မှာ ဩဇာအရှိဆုံးနိုင်ငံဖြစ်လာတာမို့ Federation မှာရှိတဲ့ နိုင်ငံတိုင်းက သတင်းထောက်တွေ တက်ရောက်ခဲ့ကြပါတယ်။ ရှင်းလင်းပွဲမြင်ကွင်းက John အရင်က လုပ်ခဲ့တဲ့ဟာထက် အဆများစွာ ကြီးမားပါတယ်။

ခန်းမထဲကို သတင်းထောက်တွေ ဝင်ရောက်လာပြီးတဲ့နောက် Jing Yang နဲ့ Denanfry ဝင်လာပါတယ်။ လူတိုင်း ထိုင်အပြီးမှာ စစ်သားတစ်ဖွဲ့က Chat ကို ခန်းမထဲ ခေါ်ဆောင်လာကာ အထူးပြုလုပ်ထားတဲ့ထိုင်ခုံမှာ သူ့ကို ချည်နှောင်လိုက်ပြီး သူ့နံဘေးမှာ စစ်သားတွေက မတ်တပ်ရပ်ရင်း စောင့်ကြပ်လိုက်ပါတယ်။

သတင်းထောက်တွေ Chat ကိုလည်းမြင်ရော သူတို့သံသယတွေနဲ့ ပြည့်နှက်သွားပါတယ်။ ဒီဓါးပြခေါင်းဆောင်က အခုကြေညာမယ့်အကြောင်းအရာနဲ့ ဘာများပတ်သက်နေတာပါလိမ့်? သူ့ရာဇဝတ်မှုတွေက အခုထိ လူတိုင်းကို ရှင်းရှင်းလင်းလင်းမဖြစ်သေးပါဘူး။ Poison Wolves က ပြည်နယ်သင်္ဘောတစ်စီးကို ပြန်ပေးဆွဲတဲ့အခါတိုင်း Federation သတင်းပြန်ကြားရေးက သတင်းတင်ပြတယ်လေ။

Denanfry ဆီက အချက်ပြမှုကိုရတော့ Dyles မတ်တပ်ရပ်လိုက်ပြီး "ပထမဆုံးအနေနဲ့ ဒီသတင်းစာရှင်းလင်းပွဲကို အချိန်ပေးတက်ရောက်ကြတဲ့ နိုင်ငံတိုင်းက သတင်းထောက်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ Poison Wolves မှာ ရှာတွေ့ခဲ့တဲ့ သက်သေအချို့ကို ဒီနေ့ ကြေညာမှာဖြစ်ပါတယ်။ ဒီသက်သေတွေကိုလည်း Federation ထဲမှာရှိတဲ့ နိုင်ငံအားလုံးထဲက နိုင်ငံတစ်နိုင်ငံကပဲ သိမှာပါ၊ ပြီးတော့ အဲဒီအကြောင်းကိုလည်း နိုင်ငံအကုန်လုံးမသိအောင် အမှောင်ထဲမှာ ထိန်းသိမ်းထားခဲ့တာ"

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now