Arc 11.2

4.3K 618 31
                                        

Jing Yang ရေချိုးဖို့တောင် ပင်ပန်းနေတာမို့ အိပ်ရာပေါ် ပစ်လဲလိုက်တယ်။ စောင်ကို ဆွဲယူလိုက်ပြီး အိပ်တစ်ဝက် နိုးတစ်ဝက်အသိနဲ့ မူလကိုယ်ရဲ့ မှတ်ဉာဏ်တွေကို ဖွင့်လိုက်တယ်။

Jing Yang ခန့်မှန်းထားတဲ့အတိုင်းပဲ သူတွေ့ခဲ့တဲ့ လူလေးယောက်က ဒီဘဝမှာ သူအသေအချာ လက်စားချေရမယ့် လူတွေ။

Xi Le မိဘတွေက စီးပွားရေးအရ လက်ထပ်ခဲ့ကြတာ။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တုန်းကမှ မချစ်ခဲ့သလို သူတို့မှာလည်း ချစ်ရသူ ကိုယ်စီနဲ့ပါ။ မိသားစုက ဖိအားပေးလို့သာ အတင်းအကျပ် လက်ထပ်ခဲ့ရတာ။

Xi Le အမေရဲ့ ချစ်သူက မိသားစုမျိုးရိုးနောက်ခံကောင်းပေမယ့် သူမ မိသားစုက သူတိုနှစ်ယောက်ကို လက်မခံခဲ့ကြဘူး။ ကုမ္ပဏီပိုမိုတိုးတက်လာစေဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ မိသားစုတွေက သူတို့ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခွဲထုတ်ပြီး Xi Guangshan နဲ့ လက်ထပ်ဖို့ တွန်းအားပေးခဲ့တယ်။

Xi Le အမေက သူမ ချစ်ရသူနဲ့ အတူမရှိနိုင်တော့တဲ့အတွက် အသည်းကွဲခဲ့ရတယ်။ သူမ မိသားစုက သူမကို အိမ်မှာပဲ ပိတ်လှောင်ထားပြီး အပြင်ထွက်ခွင့်လည်း မပြုခဲ့တော့ဘူး။ ကိုယ့်ကိုကိုယ်သတ်သေဖို့ သုံးကြိမ်လောက် ကြိုးစားခဲ့ပေမယ့် အမြဲစောင့်ကြည့်ခံနေရတာကြောင့် မိသွားတာချည်းပါပဲ။

သူမက ဒီမိသားစုက မွေးဖွားခဲ့ပြီး မိသားစုက အကောင်းဆုံးတွေ ထောက်ပံ့ပေးထားတာကြောင့်မို့ မိသားစု တိုးတက်ဖို့အတွက် ပြန်ပေးဆပ်တယ်ဆိုတာ ဖြစ်သင့်တယ်လို့ သူ့အဘိုးက ပြောခဲ့တယ်။

မိသားစုကို တခြားနည်းနဲ့ ပြန်ပေးဆပ်ပါရစေလို့ Xi Le အမေက ပြောခဲ့ပြီး လက်ထပ်ပွဲကို ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာလည်း ပြောခဲ့တယ်။ သူမအဘိုးကတော့ လက်ခံဖို့ရာ ငြင်းဆန်ခဲ့တယ်။ Xi မိသားစုထဲက တစ်ယောက်နဲ့ လက်ထပ်ရမှာမို့ Xi Guangshan နဲ့ သူမကို ချက်ချင်း လက်ထပ်ဖို့ တွန်းအားပေးခံလိုက်ရပါတော့တယ်။

Jing Yang ဒါကို တွေ့တော့ နှာခေါင်းမရှုံ့ဘဲကို မနေနိုင်ဘူး။ အသက်ကြီးတယ်ဆိုတဲ့ လူတွေက သူတို့ရဲ့ မပြည့်ဝမှုတွေကို ဖုံးကွယ်ဖို့ရာအတွက် ဂုဏ်သိက္ခာဆိုတဲ့ခေါင်းစဉ်ကြီးအောက်ကနေ တခြားသူတွေကို ပေးဆပ်ခိုင်းတာကြီးက စက်ဆုပ်စရာပဲ။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now