Arc 8.18

5.7K 787 31
                                        

Jing Yang နဲ့ Denanfry တို့ မင်္ဂလာပွဲဟာ တစ်နိုင်ငံလုံးဆင်နွှဲကြတဲ့ပွဲလို့တောင် ပြောလို့ရပါတယ်။ Wilkesa ပြည်သူတွေက သူတို့တွေ Carnival ပွဲမှာ ပါဝင်နေကြသလိုကို သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကို ကျင်းပကြပါတယ်။

Jing Yang က မြေပြင်ပေါ်မှာအချိန်အတော်ကြာ လမ်းလျှောက်နိုင်လာပြီဆိုပေမဲ့ မင်္ဂလာပွဲက တစ်နေ့လုံးလောက် အချိန်ယူမှာပါ။ သူအရမ်းပင်ပန်းသွားမှာကို Denanfry စိုးရိမ်နေတာမို့ အခမ်းအနားကျင်းပတာကလွဲလို့ ကျန်တဲ့လုပ်ထုံးလုပ်နည်းအားလုံးကို Wheelchair ပေါ် ထိုင်လျက် ကျင်းပခွင့်ပေးဖို့ကို သူလိုချင်ခဲ့တယ်။ ဒါပေမဲ့ မင်္ဂလာပွဲနေ့ကြီးမှာ Wheelchair ပေါ်မှာပဲ ချည်နှောင်ထားတာမလိုချင်ဘူးဆိုပြီး Jing Yang ကတော့ ခေါင်းမာမာနဲ့ငြင်းနေပါတယ်။ တကယ်လို့ ပင်ပန်းလည်း တစ်ရက်ပဲပေါ့ တစ်ဘဝလုံးစာအတွက် မင်္ဂလာပွဲက တစ်ခါပဲကျင်းပရမှာလေ။ သူက အကောင်းဆုံးအခြေအနေတွေကိုပဲ အကောင်အထည်ဖော်ချင်ပါတယ်။

မင်္ဂလာပွဲနေ့မှာ အရာရှိတွေအကုန်လုံးတက်ရောက်လာရုံတင်မက ခန်းမအပြင်ဘက်မှာ ပြည်သူပြည်သားအများအပြားကလည်း ကောင်းချီးပေးဖို့ မတ်တပ်ရပ်နေကြပါတယ်။

ဧည့်သည်တွေကို နှုတ်ဆက်အပြီးမှာ Denanfry က နားနေခန်းကို တန်းပြီး မြန်မြန်သွားလိုက်ပါတယ်။

"မင်း ဒီနေ့ အရမ်းပင်ပန်းနေတော့မှာ။ ပင်ပန်းတယ်လို့ ခံစားရရင် ကိုယ့်ကိုပြော၊ မင်း နားနေခန်းထဲ သွားနားနေလည်း ကိစ္စမရှိဘူးနော်။ မင်းကိုယ်မင်း အရမ်းပင်ပန်းအောင် မလုပ်နဲ့" Denanfry က Jing Yang မျက်နှာလေးကို ထိတွေ့လိုက်ရင်း ပြောပါတယ်။

"ငါသိပါပြီ" Jing Yang ခပ်ဖွဖွပြုံးလိုက်ပါတယ်။ "Ballroom မှာ ဆိုဖာတွေ အများကြီးရှိအောင် စီစဉ်ထားတာမဟုတ်ဘူးလား? ငါအချိန်အများစုမှာ အဲ့မှာပဲ ထိုင်နေရလောက်ပါတယ်။ ငါ့ကိုငါ ပင်ပန်းအောင် မလုပ်ပါဘူး"

မင်္ဂလာပွဲအများစုမှာ ဧည့်သည်တွေအဆင်ပြေချောမွေ့အောင်လို့ အခြေခံအားဖြင့် အားလုံးမတ်တပ်ရပ်ရတာမျိုးပဲ ရှိတာပါ။ ဒါပေမဲ့ Jing Yang တစ်ချိန်လုံးရပ်နေရင် ပင်ပန်းမှာကို Denanfry က စိုးရိမ်တာမို့ ခန်းမထဲမှာ ထိုင်ချင်တဲ့သူတွေထိုင်လို့ရပြီး မတ်တပ်ရပ်ချင်သူတွေ ရပ်လို့ရအောင် ဆိုဖာအတော်များများကို အထူးအနေနဲ့စီစဉ်ခိုင်းထားတာပါ။ ဒီအပြင်အဆင်က အတော်လေး သင့်လျော်ပြီး လုံးဝထူးဆန်းနေတဲ့ပုံမပေါ်ဘဲ ပါတီပွဲတွေအတွက် အဓိကလမ်းကြောင်းစတိုင်တစ်ခု ဖြစ်လာခဲ့ပါတယ်။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Место, где живут истории. Откройте их для себя