Arc 10.2

5.1K 684 21
                                        

Jing Yang ကို ရပ်ကွက်ထိပ်နားထိ Cui Yan လိုက်ပို့ပေးတယ်။ သူ့နေကာမျက်မှန်ကိုချွတ်ပြီး သူ့ဘက်လှည့်လို့ "ကိုယ့်နံပါတ်ကို မင်းဖုန်းထဲ ထည့်ထားတယ်။ တစ်ခုခုဆို ကိုယ့်ဆီ ဆက်သွယ်ပေါ့။ ပန်းချီကားပြီးအောင်ဆွဲဖို့ ဆန္ဒရှိတယ်ဆိုရင်လည်း ဘာပဲဖြစ်နေနေ ကိုယ် ပျော်ပျော်ကြီး ကူညီမှာနော်"

"ကျွန်တော့်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးပါ" Jing Yang သူ့စကားတွေကို ဆက်တိုက် လျစ်လျူရှုထားလိုက်ပြီး ကျေးဇူးတင်တဲ့မျက်လုံးတောက်တောက်လေးတွေနဲ့ တမင်သက်သက်ကြည့်ပေးလိုက်တယ်။ သူ့မျက်လုံးအကြည့်တွေထဲမှာ နူးညံ့ပြီး လှုပ်ရှားသက်ဝင်နေတဲ့ အလင်းရောင်လေးတွေပေါင်းထည့်ပေးထားတာမို့ ဒီလိုအကြည့်ပုံစံမျိုးကို သူဘယ်လိုမှ ခံနိုင်ရည်မရှိဘူးဆိုတာ Jing Yang အသိဆုံးလေ။

တကယ့်ကို လုံလုံလောက်လောက်ပဲ။ Jing Yang ရဲ့ အကြည့်ကြောင့် Cui Yan နှလုံးခုန်သံတွေတောင် ရပ်တန့်သွားတယ်။ သူ့မျက်လုံးတွေကို စိတ်လိုက်မာန်ပါနမ်းပစ်လိုက်ချင်စိတ်တွေ အတင်းဖိနှိပ်ထားရင်း ခပ်နက်နက်ဩရှရှအသံက ရုတ်တရက်ထွက်ပေါ်လာပြီး "မင်းတစ်ခုခုလိုတယ်ဆို ကိုယ့်ဆီ လာရှာဖို့ သတိရပါ"

"ကျွန်တော်သိပါပြီ" Jing Yang သူ့ကိုပြုံးပြရင်း တံခါးကိုဖွင့်လို့ ကားထဲကနေ ထွက်သွားပါတယ်။

Cui Yan ကား မောင်းထွက်သွားတာကြည့်အပြီး သူနေတဲ့ရပ်ကွက်ဆီ Jing Yang လှည့်လိုက်တော့ တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေတာ ရုတ်တရက် တွေ့လိုက်ရတယ်။ အဲ့ဒီလူက သူ့ဆီလျှောက်လာပြီး ရပ်လိုက်ကာ သူ့ကို ကြည့်ပါတယ်။

"Mu Jin" Wu Xiuyuan က Cui Yan ကားထွက်သွားတဲ့ဘက်ကို တစ်ချက်ကြည့်ရင်း သူ့ကိုမေးပါတယ် "မင်း မနေ့ညက ဘယ်တွေသွားနေတာလဲ? အခုရော မင်းကို လိုက်ပို့တာ ဘယ်သူလဲ?"

Jing Yang သူ့ရဲ့မေးခွန်းမေးတဲ့ လေသံကိုကြားပေမယ့် ချက်ချင်းပြန်မဖြေနိုင်သေးပါဘူး။ သူ System ကို ချက်ချင်းဖွင့်လိုက်ပြီး ဒီလူရဲ့ အခြေခံအချက်အလက်တွေကို ခပ်မြန်မြန်စစ်ကြည့်လိုက်တယ်။ နောက်မှ အေးစက်စက်နဲ့ "ဒါ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ?"

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now