Arc 11.16

3.3K 514 7
                                        


Xi Guangshan အိမ်ပြန်ရောက်တော့ စာကြည့်ခန်းထဲမှာ အကြာကြီးထိုင်ပြီး သူ့ရဲ့လုပ်ရပ်တွေကို ပြန်လည်တွေးတောနေမိတယ်။ သူဘယ်လိုခံစားနေရလဲဆိုတာ စကားလုံးနဲ့တောင် မဖော်ပြနိုင်တော့ဘူး။

သူလက်မခံချင်ပေမယ့် Xi Rui က ဘယ်သူ့သားဆိုတာ ခန့်မှန်းလို့ရပြီး အဖြေကို စိတ်ထဲ ရှင်းရှင်းလင်းလင်းကြီးကို သိနေပြီသားပါ။

Xi Le အမေနဲ့ လက်ထပ်ဖို့ စီစဉ်ပြီးတဲ့နောက် သူ့မိသားစုက ခဏလောက် သူ့ကိုစောင့်ကြည့်နေပြီးတော့ Wen Zhu ဆီသွားဖို့ကိုလည်း တားမြစ်ခဲ့တယ်။ နောက် Xi Le မမွေးမချင်း သူ့ကို အိမ်ပြင်ထွက်ခွင့်မပေးခဲ့ဘူး။ Wen Zhu ကို မတွေ့ရတော့ အဲ့ဒီအချိန်က သူနဲ့ ဆက်ဆံရေးကောင်းနေသေးတဲ့ Cao Rutang ကို အကူအညီတောင်းပြီး သူမကို စောင့်ရှောက်ခိုင်းခဲ့တယ်။

အဲ့အချိန်ကတော့ သံသယဆိုတာ မထားခဲ့ဘူးလေ။ အခုမှ သေချာစဉ်းစားကြည့်တော့ သူတို့က အတော်လေး ထူးဆန်းနေခဲ့တာပဲ။ ဒါပေမယ့် သူက အတော်လေး မိုက်မဲနေလို့ ဒါတွေကို လုံးဝကို သတိမမူခဲ့မိဘူး။

လက်ထဲမှာ ဟင်းရည်ပန်းကန်ကိုကိုင်ရင်း စာကြည့်ခန်းထဲကို Wen Zhu ဝင်လာပါတယ်။ စားပွဲပေါ် လင်ပန်းကို တင်ရင်း ခေါင်းမှာ ပတ်တီးစနဲ့ Xi Guangshan ကို ကြည့်လိုက်တယ် "ဆေးရုံမှာ ရှင့်ဘာသာ ဘယ်လိုများ ဒဏ်ရာ ရလာတာလဲရှင်? Xi Le ဆေးရုံကိုလာရှာပြန်တာလား?"

Xi Guangshan မျက်လုံးဖွင့်လိုက်ပြီး Wen Zhu ကို ဗလာမျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်တယ်။

"ဘာဖြစ်လို့လဲ? ကျွန်မ မျက်နှာမှာ တစ်ခုခု ရှိနေလို့လာ?" Wen Zhu သူ့မျက်နှာသူ စမ်းလိုက်တယ်။

"တံခါးပိတ်လိုက် ငါ မင်းနဲ့ ပြောစရာရှိတယ်" Xi Guangshan ပြောလိုက်တယ်။

တံခါးပိတ်ပြီး Xi Guangshan စားပွဲနား Wen Zhu ရောက်တဲ့အခါ "ရှင် ဘာအကြောင်း ပြောမလို့လဲ? စံအိမ်ဟောင်းကိစ္စလား?"

"ဒါကို တစ်ချက်လောက် ကြည့်လိုက်ဦး" Xi Guangshan က သွေးသားတော်စပ်မှုစစ်ဆေးတဲ့ရလဒ်စာရွက်ကို Wen Zhu ဆီ ပေးလိုက်တယ်။

Wen Zhu စာရွက်ကို ထုတ်လိုက်ပြီး ထိပ်ပိုင်းက စာလုံးကို မြင်လိုက်တော့ ထိတ်လန့်သွားတယ် "သွေးသားတော်စပ်မှု စစ်ဆေးချက်? ဒါ .... ဒါက ဘာလဲ?"

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now