Jing Yang က ကားကို ကုမ္ပဏီရှိရာ ကိုယ်တိုင်မောင်းသွားတဲ့အခါ Liu Hang က သူ့နောက်ကနေ လိုက်လာခဲ့သည်။
နှစ်ယောက်သား ကုမ္ပဏီကို အတူတူဝင်လာတော့ လူအများရဲ့အာရုံကို ဖမ်းစားသွားသည်။ အထူးသဖြင့် မကြာသေးခင်ကမှ Gu Mang MV မှာ ပါဝင်ခဲ့ပြီး လူသိထင်ရှားဖြစ်လာတဲ့ Jing Yang ကိုပေါ့။ Liu Hang က ဒီအခွင့်အရေးကို အသုံးချပြီး Jing Yang ကိုမြေတောင်မြှောက်ပေးမှာကို ဝန်ထမ်းအတော်များများက စိုးရိမ်နေကြသည်။
Liu Hang ရုံးခန်းထဲ ထိုင်ပြီးသည်အထိ Jing Yang တိတ်တိတ်နေနေသဖြင့် Liu Hang က စပြီးမေးမြန်းပါတော့သည် "မင်း Gu Mang ရဲ့ သီချင်းမှာ ပါခဲ့တာလား?"
"ဟုတ်တယ်လေ လူတိုင်းသိနေတဲ့အကြောင်းကို မေးခွန်းအနေနဲ့တောင် မမေးသင့်တာကို။ အဖြေကလည်း သိနေပြီးသားမဟုတ်လား။ ငါ Gu Mang သီချင်းမှာ ပါတာ မှားတယ်လို့ ဘာလို့တွေးနေတာလဲ ပြောပါဦး" Jing Yang က သူဘာပြောတော့မယ်ဆိုတာ ခန့်မှန်းမိပြီးသားပဲလေ။
".... မင်းက ငါ့ကုမ္ပဏီက အနုပညာရှင်လေ။ ပြီးတော့ ကိုယ့်ဘာသာ အလုပ်လက်ခံတာဟာ စာချုပ်ကို ဖောက်ဖျက်ရာကျတယ်" သူ့ရှေ့မှာထိုင်နေတဲ့သူက ရုတ်တရက် အရင်သူသိဖူးခဲ့တဲ့လူနဲ့ မတူဘဲ ကိုယ်ရောင်ကိုယ်ဝါတွေ လွှမ်းမိုးနိုင်စွမ်းတွေက မရင်းနှီးသလို ခံစားလိုက်ရသည်။ သူ Chu Yang နဲ့ မတွေ့တာတော့ ကြာနေပြီ။ Chu Yang နဲ့ သူအတူတကွရှိခဲ့တဲ့အချိန်တွေကို အမြတ်တနိုးရှိနေဆဲဆိုပေမယ့် Chu Yang ရည်ရွယ်ချက်နဲ့ အေးစက်စက်စကားလုံးတွေက သူ့ကို ဝမ်းနည်းစေသည်။
"ဒါဆိုလည်း စာချုပ်ကို ဖျက်သိမ်းလိုက်ကြရအောင်" Jing Yang ကတော့ သူ့ဆန္ဒကို ရှင်းရှင်းလင်းလင်းကြီး ပြောလိုက်သည်။
"ဖျက်.... စာချုပ်ကို ဖျက်သိမ်းမယ်?" နားကြားများမှားသလားလို့ Liu Hang ထင်နေသည်မို့ "မင်း ဘာပြောလိုက်တယ်?"
"စာချုပ်ကို ရပ်ဆိုင်းချင်တယ်လို့ ပြောနေတာ" Jing Yang က ခပ်ဖြည်းဖြည်းနဲ့ တိတိကျကျ ပြောလိုက်သည်။
"ဒီလို ဟာသမျိုး မလုပ်စမ်းနဲ့" ထိတ်လန့်တဲ့ အမူအရာနဲ့ Liu Hang ပြောသည်။
ESTÁS LEYENDO
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
Aventuraကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...
![အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]](https://img.wattpad.com/cover/293131710-64-k152408.jpg)