Arc 9.10

4.7K 696 12
                                        

နောက်ဆက်တွဲအနေနဲ့ ရက်အတော်ကြာ မိုးက သည်းထန်စွာရွာသွန်းခဲ့ပါတယ်။ မြို့တော်ရဲ့လမ်းတွေနဲ့ ဒါဇင်နဲ့ချီတဲ့ မြို့ ပတ်ပတ်လည်မှာ ရေတွေနဲ့ ပြည့်နေပါတယ်။ မြစ်ရေတွေ တက်လာပြီး လယ်မြေတွေအများကြီး ရေမြုပ်သွားပါတယ်။

ဒီရက်တွေအတွင်း ရင်ပြင်ကို Abby နေ့တိုင်းသွားပြီး ပုတီးစေ့ကို တွန်းအားပေးအစွမ်းတွေနှိုးလို့ မိုးကို ရပ်စေခဲ့ပါတယ်။ သူရင်ပြင်ကို တစ်ခါသွားတိုင်း မိုးက ပိုပြီးသည်းလာတာမို့ အဲ့ဒီကိုသွားဖို့တောင် လန့်လာပါတယ်။

အပြင်မှာ မိုးရွာနေတဲ့ပုံကိုကြည့်ရတာ တိတ်မယ့်လက္ခဏာမရှိပါဘူး။ ဘုရင်ရဲ့မျက်နှာကလည်း ရာသီဥတုလို တဖြည်းဖြည်း အုံ့မိုင်း မည်းမှောင်လို့လာပါတယ်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ?" ဘုရင်က Abby ကိုကြည့်ရင်း မေးလိုက်တယ်။

"ဘာတွေဖြစ်နေလဲ ကျွန်တော်လည်း မသိပါဘူး။ ဒီလိုဖြစ်တာမျိုး အရင်က တစ်ခါမှမကြုံခဲ့ဖူးဘူး" အရင်ရက်တွေက မိုးထဲမှာ သူရပ်နေခဲ့တာမို့ အခု သူအဖျားတက်လို့နေပါပြီ။ မသက်မသာဖြစ်နေတာလျှော့ချပြီး ဘုရင်ကို စိတ်လှုပ်ရှားစွာနဲ့ ဖြေလိုက်ပါတယ် "ဖြစ်...ဖြစ်နိုင်တာက ကျွန်တော့် ပုတီးစေ့က ထိန်းချုပ်မှုအောက်က လွတ်သွားတာကြောင့် ဒီလိုတွေ ဖြစ်ကုန်တာနေမယ်"

"ဒါကို ကိုင်တွယ်ဖြေရှင်းလို့ရမယ့် နည်းလမ်းရှိလား?" ဘုရင်က မေးပါတယ်။

"ကျွန်တော် အကောင်းဆုံး ကြိုးစားကြည့်ပါ့မယ်" Abby က ယတိပြတ်မပြောရဲတာကြောင့် မယုတ်မလွန်ပြောလိုက်ပါတယ်။

"မင်း ဖြစ်နိုင်သမျှမြန်မြန် ဖြေရှင်းဖို့လိုတယ်။ ဒီတိုင်းသာ မိုးက ဆက်ရွာနေမယ်ဆို မိုးခေါင်တာထက်ပိုဆိုးတဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်"

"ဟုတ်ကဲ့ပါ ဖခမည်းတော် မိုးတိတ်အောင် အတတ်နိုင်ဆုံးလုပ်ဆောင်ပါ့မယ်"

Abby ရဲ့ အပူချိန်မြင့်နေတဲ့ ခန္ဓာကိုယ်ကို Cory ထိန်းပေးထားပါတယ်။ "ခမည်းတော် Abby ကိုယ်က အရမ်းပူနေတာမို့ သူ့ကို အနားယူရအောင် ကျွန်တော် ပြန်ပို့လိုက်ပါဦးမယ်။ ပုတီးစေ့ထိန်းချုပ်မှုအောက်ကလွတ်သွားတာ သူ့ခန္ဓာကိုယ်နဲ့လည်း ဆက်စပ်နိုင်တယ်။ သူ့အဖျားပျောက်တဲ့အထိ စောင့်ပြီးမှ မိုးတိတ်အောင် သူ့စွမ်းအင်ကို အသုံးချကြတာ ပိုကောင်းမယ်"

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Место, где живут истории. Откройте их для себя