Jing Yang မျက်လုံးဖွင့်လိုက်ပြီး နောက်ပြန်မှိတ်လိုက်တယ် ပြီးတော့ Cui Yan လက်မောင်းတွေနဲ့ သူ့မျက်နှာကို ပွတ်လိုက်တယ်။ ဒါ မနက်နိုးတိုင်း သူလုပ်နေကျ အကျင့်ပဲ အဲ့ဒီအချိန် Cui Yan က သူနိုးနိုးချင်း အနမ်းတွေ ခြွေမယ်။ ဒါပေမယ့် ဒီနေ့တော့ ဘာလှုပ်ရှားမှုမှလည်း မရှိဘူး။
Jing Yang ဒွိဟဖြစ်သွားတယ်။ ဒီလူ နိုးနေတာ သေချာပါတယ် ဘာလို့ မလှုပ်မယှက်ဖြစ်နေရတာလဲ။ သူ သံသယအပြည့်နဲ့ ခေါင်းထောင်ကြည့်လိုက်တော့ Cui Yan က တွေတွေကြီး ငေးနေတာ တွေ့လိုက်တယ်။
"ခင်ဗျား ဘာတွေ တွေးနေတာလဲ? စိတ်ဝင်တစားကြီးနဲ့" Jing Yang သူ့မျက်နှာကို အသာပွတ်သပ်ပြီးမေးလိုက်တယ်။
Cui Yan သူ့လက်ကို ဆုပ်ကိုင်ပြီး ဖျစ်ညှစ်ရင်း မျက်နှာချင်းဆိုင် နံရံပေါ်က ပန်းချီကားအပေါ်မှာပဲ အကြည့်တွေက မြဲမြံနေပါတယ်။ "ကိုယ် မင်း ဆွဲထားတဲ့ 'Mermaid' တွေအကြောင်း အိပ်မက်မက်တယ်"
Jing Yang လည်း နံရံပေါ် ပန်းချီကားဆီ အကြည့်ရောက်သွားပြီးမှ Cui Yan ဘက် မျက်နှာမူလိုက်ရင်း "ခင်ဗျား အဲ့ပန်းချီကားကို နေ့တိုင်း မြင်နေမှတော့ အိပ်မက်မက်တာ ပုံမှန်ပါပဲ။ နေ့မှာ တွေးမိတာတွေ ညမှာ အိပ်မက်တယ်လို့ လူတွေက ပြောကြတာလေ"
"အဲ့ဒါ အိပ်မက်မက်ရုံတင်မဟုတ်ဘူး" Cui Yan တစ်ခုခုကို ပြန်မှတ်မိသလိုမျိုး ပြောပါတယ်။ "အရမ်းထင်ရှားလွန်း တကယ့်ပုံလိုမျိုးပဲ။ ရုပ်ရှင်တစ်ခု ကြည့်နေရသလိုမျိုးပဲ ဘေးလူအနေနဲ့ မြင်နေရပေမယ့် ကိုယ် တကယ်ကြီး ရှင်းရှင်းလင်းလင်းကြီးတွေ့နေရတာ"
Jing Yang ပြန်မတုံ့ပြန်ခင် နည်းနည်းလောက် တွန့်ဆုတ်သွားပါတယ် "ဒါဆို အိပ်မက်ထဲမှာ ဘာတွေ တွေ့လို့လဲ? ကျွန်တော့်ကို ပြောပြလေ"
Cui Yan မပြောခင် ခဏလောက် ဆိုင်းနေပြီးမှ "ကိုယ် အဲ့ဒါကို ဘယ်လိုဖော်ပြရမှန်းတောင် မသိတော့ဘူး။ ပုံတွေက အရမ်း ထိတ်လန့်ပြီး စစ်မှန်လွန်းအားကြီးတယ်။ ကိုယ် သူတို့ကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့လိုက်ရသလိုမျိုးပဲ။ ရေသူမကလေ မင်းဆွဲထားတာနဲ့ အရမ်းတူတာပဲ။ တကယ်ကြီး ရင်သပ်ရှုမောဖွယ်ကောင်းပြီး စွဲမက်ချင်စရာပဲ။ ရေထဲက သူ့ရဲ့ ကိုယ်နေဟန်ထား ပုံပန်းသွင်ပြင်က တကယ် ချစ်စရာပဲ။ သူအရမ်းပျော်နေပုံပဲ။ သင်္ဘောပေါ်ကနေ သူ့ကို ကြည့်နေတဲ့သူကလည်း ကိုယ်နဲ့ အရမ်းရင်းနှီးနေသလို ခံစားရတယ်။ ရေသူမကို ကြည့်နေတဲ့ မျက်လုံးတွေကလည်း ချစ်ခြင်းအပြည့်နဲ့ပဲ"
YOU ARE READING
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
Adventureကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...
![အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]](https://img.wattpad.com/cover/293131710-64-k152408.jpg)