Arc 11.14

3.4K 502 15
                                        


He Lang က Xi Rui ရဲ့ DNA စမ်းသပ်ချက်ရလဒ်ကို Jing Yang ဆီ ကမ်းပေးရင်း "Xi Guangshan ရဲ့ရှယ်ယာတွေနဲ့ ပိုင်ဆိုင်မှုအားလုံးကို Xi Rui ဆီ လွှဲပေးပြီးသွားပြီ။ Xi Rui က Xi Guangshan ရဲ့ သွေးသားအရင်းမဟုတ်ဘူးဆိုတာ သူ့ကို အကြောင်းကြားချင်တာ သေချာပြီလား?"

"အချိန်ကျလာပြီ။ Xi Guangshan ကို ပြင်းပြင်းထန်ထန်ထိခိုက်စေရုံတင်မကဘူး ကျွန်တော် လိုချင်တာတွေလည်း ပြန်ရနိုင်တယ်။ ကုမ္ပဏီရဲ့ရှယ်ယာရော Xi မိသားစုရဲ့ ပိုင်ဆိုင်မှုတွေရော ဘာမှ စိတ်မဝင်စားဘူး ဒါပေမယ့် စံအိမ်အိုကြီးကတော့ သူစိမ်းတွေလက်ထဲ ဘယ်တော့မှ အရောင်းခံလိုက်လို့ မဖြစ်ဘူး။ အဲ့အိမ်ကို မထိန်းသိမ်းလိုက်နိုင်ရင် အဘိုးကို ဘယ်လိုစကားလုံးတွေနဲ့ ရှင်းပြလို့ရမယ်ကို မသိတော့ဘူး။ ဒီတော့ Xi Rui ဆီ အဲ့စံအိမ်ကြီး လွှဲမပေးခင် Xi Rui က သူ့သွေးသားအရင်းမဟုတ်ဘူးဆိုတဲ့အကြောင်း Xi Guangshan ကို အသိပေးမှ ဖြစ်မယ်"

"ကိုယ့်ကိုရော မင်းနဲ့အတူ လိုက်စေချင်လား?" Jing Yang မျက်နှာလေးကို အုပ်မိုးကိုင်ပြီး နှုတ်ခမ်းထောင့်စွန်းလေးကို အနမ်းဖွဖွပေးရင်း He Lang မေးလိုက်တယ်။

"မလိုပါဘူးဗျာ" Jing Yang က "နဂါးဂူထဲ သွားတာမှ မဟုတ်တာ။ ပြီးတော့ သူတို့က ကျွန်တော့်ကိုလည်း ထိခိုက်အောင် မလုပ်နိုင်ဘူးလေ။ ကျွန်တော့်နောက်ကိုလည်း ခင်ဗျားလူတွေ လွှတ်ထားတာပဲ မဟုတ်ဘူးလား?"

ကားအက်ဆီးဒန့်ဖြစ်လုနီးပါးအခြေအနေ ရှိခဲ့ဖူးတယ်လို့ ပြောပြပြီးကတည်းက He Lang က သူ့ကို တစ်ယောက်တည်းကားမောင်းမခိုင်းတော့ဘူး။ သူအပြင်ထွက်တဲ့အခါတိုင်း သူ့နောက်ကနေ တောက်လျှောက်လိုက်ဖို့ ကိုယ်ရံတော် ငါးယောက်လောက်လည်း ထားပေးထားသေးတာ။

"Xi Guangshan စိတ်ထဲမှာ Xi Rui တစ်ယောက်ကပဲ သူ့သားအရင်းလို့ သတ်မှတ်ထားတာ။ မွေးစားသားဖြစ်တဲ့ Du Jie နဲ့တောင် မင်းက ယှဉ်လို့မရဘူးလေ" He Lang က Xi Guangshan ကို ရွံရှာနေသလို Xi Guangshan ရဲ့ပြုမူပုံတွေကြောင့် အဲ့ဒီအိမ်ကို တစ်ယောက်တည်းသွားပြီး ပြန်လာမယ့် Xi Le ကို စိုးရိမ်နေတယ်။

He Lang က ဆက်ပြီးတော့ "Xi Sheng က ဒီလောက် ဆိုးရွားတဲ့အခြေအနေဖြစ်နေတာကြောင့် သူတို့က ခြွင်းချက်မရှိ မင်းကို အပြစ်တင်ကြမှာပဲ။ မင်းအခုနေ ပြန်သွားရင် Xi Guangshan က ဘာကောင်းတဲ့စကားမှ ပြောမှာမဟုတ်ဘူး။ သူတို့ မင်းကို ဆူပူကြိမ်းမောင်းတဲ့အခါကျ ဘာမှ ထိန်းချုပ်မနေနဲ့နော်"

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now