Arc 10.3

4.5K 668 22
                                        


အရိုးသားဆုံးပြောရရင် Su Mo အစက Wu Xiuyuan အပေါ် ဘယ်လိုခံစားချက်ရှိနေမှန်း သူမသိဘူးရယ်။ သူ့ကို တကယ်ပဲ ချစ်မိသွားတာလား ဒါမှမဟုတ် Mu Jin ကို မနာလိုဖြစ်ပြီး Mu Jin ပိုင်ဆိုင်သမျှအရာအားလုံးကို လုယူချင်တာလား မသဲကွဲပါဘူး။ ပန်းချီဖြစ်ဖြစ် ကိုယ်ပိုင်ဆွဲဆောင်မှုဖြစ်ဖြစ် အရာအားလုံးမှာ သူ့ထက်တော်တယ်ဆိုတာ သက်သေပြချင်တာပါပဲ။

ဒါကြောင့် သူ တမင်တကာ Wu Xiuyuan ကို ဖြားယောင်းခဲ့တယ်။ Wu Xiuyuan ဘယ်လိုလူမျိုးလဲဆိုတာ သူက ရှင်းရှင်းလင်းလင်းသိတယ်။ သူလိုလူမျိုးအတွက် သန့်ရှင်းသပ်ရပ် ကြည့်ကောင်းတဲ့အသွင်အပြင်မျိုးကို သူတို့က ကြိုက်လေ့ရှိကြတယ်။ ဒါပေမယ့် သူတို့ လက်မောင်းကြားထဲ ဒိုင်ဗင်ပစ်ဝင်လာတဲ့လူတွေကိုတော့ ခုခံနိုင်စွမ်းမဲ့တတ်ကြတယ်။ သူတို့နှစ်ယောက် အတူတူရှိသွားကြတဲ့အခါ Wu Xiuyuan က သေချာပေါက် အသားယူမှာပဲ။ သူထင်ထားတဲ့အတိုင်းပဲ Wu Xiuyuan ကို သူလွယ်လင့်တကူ ဆွဲဆောင်နိုင်ခဲ့တယ်။ ရံဖန်ရံခါဆို ဖုံးကွယ်ထားတဲ့ မကျေနပ်ချက်တချို့ပြပြီး သူ့အပေါ်အကြွေးတင်နေတယ်ဆိုတဲ့ အကွက်တောင် သုံးလိုက်ပါသေးတယ်။

ဒါပေမယ့် Wu Xiuyuan ကို ဆွဲဆောင်နေတဲ့အတောအတွင်းမှာပဲ Su Mo ကိုယ်တိုင် သူ့ကို ချစ်မိသွားပါတော့တယ်။ ဒါကြောင့် သူ့ရဲ့အချစ်တွေအကုန်လုံးကို လိုချင်လာတယ်။ သူ ပိုပိုပြီး မသမာတဲ့အလုပ်တွေ လုပ်ခဲ့တယ်။ Wu Xiuyuan ကို လုယူနိုင်သရွေ့ သူဘယ်လောက် လွန်လွန်ကဲကဲတွေ လုပ်ရပါစေ သူ လုပ်နိုင်ပါတယ်။

Mu Jin ရဲ့ ပန်းချီပင်ကိုပါရမီနဲ့ အချိန်တိုင်း ထွက်ပေါ်လာတတ်တဲ့ အကြံဉာဏ် စိတ်ကူးစိတ်သန်းအသစ်တွေကို Su Mo မနာလိုနေပါတယ်။ အဲ့လိုမနာလိုဖြစ်နေခဲ့တာ အရမ်းကြာနေခဲ့ပေမယ့် သူ့နှလုံးသားထဲမှာပဲ မနာလိုမှုတွေကို ဖိနှိပ်ချုပ်ချယ်သိမ်းထားခဲ့ပြီး ထုတ်မပြမိအောင် ကြိုးစားခဲ့တယ်။ ဒါပေမယ့် Mu Jin ရဲ့ ပန်းချီရေးဟန်ကိုတော့ ကူးမချဘဲ နေဖို့ရာ မထိန်းထားနိုင်ခဲ့ဘူး။ Mu Jin က သူ့စိတ်ကူးစိတ်သန်းအသစ်တစ်ခုအကြောင်းပြောလာတာနဲ့ သူစိတ်ကူးထားတဲ့အတိုင်း အရင်ဦးအောင် ဆွဲပါတော့တယ်။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now