ရှယ်ယာရှင်တစ်ယောက်က တိတ်တဆိတ်မတ်တပ်ရပ်လိုက်ပြီး ထွက်သွားတဲ့အချိန် ကျန်တဲ့သူတွေက ထိတ်လန့်မှုကနေ ရုန်းမထွက်နိုင်ကြသေးပါဘူး။ ခဏလောက်ကြာတော့မှ ရှယ်ယာရှင်တချို့က ထပြီး ထွက်သွားကြတယ်။ တခြားသူတွေလည်း အစည်းအဝေးခန်းထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြတယ်။
Jing Yang ရဲ့ ရှယ်ယာလွှဲပြောင်းပေးမယ်ဆိုတဲ့ ကြေညာချက် အကြောင်းအရာက သူတို့အတွက် အရေးကြီးတဲ့ခေါင်းစဉ်ဖြစ်သွားတယ်။ ကုမ္ပဏီက အခု လုံးဝတိုးတက်နေတာလေ။ Xi Le က ကုမ္ပဏီမှာ ရှယ်ယာအများကြီး ပိုင်ဆိုင်တဲ့သူပဲ။ သူ့လက်ထဲက ရှယ်ယာတွေကိုသာ သူတို့ဝယ်နိုင်မယ်ဆို ကုမ္ပဏီက အကောင်းဆုံးရှယ်ယာတချို့ကို ပိုင်ဆိုင်နိုင်မှာပဲ။
ရုံးခန်းထဲမှာ Jing Yang ထိုင်ရင်း Zheng Yongren က ပထမဦးဆုံး ဝင်လာတဲ့ဖြစ်နေတာ သတိထားလိုက်မိတယ်။ ဒီရှယ်ယာရှင်က ကုမ္ပဏီမှာ Xi Le ရဲ့ အခိုင်မာဆုံးသော ကျောထောက်နောက်ခံပါ။ အခု Jing Yang က ဥက္ကဌမလုပ်တော့ဘဲ ကုမ္ပဏီလည်ပတ်တဲ့ကိစ္စတွေမှာလည်း မပါဝင်တော့ဘူးလို့ ကြေညာလိုက်တယ်။ အစုရှယ်ယာတွေ ရောင်းရုံပဲဆိုရင်တောင် သူ လျစ်လျူရှုပြီး မနေနိုင်ဘူးလေ။
"Mr. Zheng က ရှယ်ယာတွေ လွှဲပြောင်းတဲ့ကိစ္စအတွက် ကျွန်တော်နဲ့ ဆွေးနွေးချင်လို့လားဗျ?" Jing Yang ကမေးလိုက်တယ်။
"ဘာကြောင့် ဒီလိုအလျင်စလိုဆုံးဖြတ်ချက်မျိုး ချရတာလဲလို့ သိချင်လို့ပါ" အသက်ငါးဆယ်ကျော်အရွယ် Zheng Yongren က Xi Le ငယ်ငယ်ကတည်းက သူ့အဘိုးနဲ့ အတူအလုပ်တွဲလုပ်ခဲ့သူပါ။ Xi Le အတွက် အတိုက်အခံမကြာခဏပြုလုပ်ပြီး သူ့ကိုလည်း အထောက်အပံ့ပေးနေသူ။ သူက လုပ်နိုင်စွမ်းရှိသူတစ်ယောက်ဖြစ်လို့တင်မဟုတ်ဘဲ Xi Le က သူ့အဘိုးကိုယ်တိုင် အမွေဆက်ခံဖို့ရာအတွက် ပြုစုပျိုးထောင်သင်ပေးကြားပေးခံခဲ့ရလို့ပါပဲ။
"ကျွန်တော် ဂိမ်းဖန်တီးတဲ့ဘက်မှာပဲ ထွန်းထွန်းပေါက်ပေါက်ဖြစ်ချင်တော့တယ်။ အာဏာတွေ လုပ်ပိုင်ခွင့်တွေအတွက် တိုက်ခိုက်ရတာတွေကို စိတ်ကုန်နေပြီ။ တိုက်ခိုက်လို့ နိုင်သွားခဲ့ရင်တောင် ဆက်လုပ်နေဖို့ ဘာအဓိပ္ပါယ်မှ မရှိဘူးလေ၊။ ဒါကြောင့် ကျွန်တော် ရိုးရိုးရှင်းရှင်း လက်လွှတ်လိုက်ရုံပါပဲ" Jing Yang က အမှန်တရားကိုပဲ ပြောလိုက်တယ်။
                                      
                                  
                                              YOU ARE READING
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
Adventureကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...
![အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]](https://img.wattpad.com/cover/293131710-64-k152408.jpg)