Arc 10.4

4.7K 666 16
                                        

Jing Yang က သူ့ကိုလာကြိုဖို့ Cui Yan ဆီ စာပို့လိုက်တယ်။ နာရီဝက်တောင် မကြာလိုက်ဘူး Jing Yang နေနေတဲ့ ဟိုတယ်အပြင်ဘက်ကို Cui Yan ရောက်လာတယ်။

"မင်း ဘာလို့ ရုတ်တရက်ကြီး ဟိုတယ်ကို ပြောင်းလာရတာလဲ? မင်း တိုက်ခန်းမှာ မနေတော့ဘူးလား?" Cui Yan က မေးပါတယ်။

"အရင်ကနေတာကလည်း ကျွန်တော့်တိုက်ခန်းမဟုတ်ပါဘူး။ ကျွန်တော့်အတန်းဖော်မိဘတစ်ယောက်ရဲ့ တိုက်ခန်းမှာ ငှားနေတာပါ။ ကျွန်တော်တို့တွေ စကားများကြတာကြောင့် ပြောင်းလာလိုက်တာ" Jing Yang အေးဆေး ရှင်းပြလိုက်တယ်။

"ကိုယ့် အကူအညီ လိုသေးလား?" Cui Yan က Jing Yang ကို ဖျတ်ခနဲ ကြည့်လိုက်တယ်။ သူ့ကို အကြောင်းမရှိဘဲ စာပို့မှာမဟုတ်ဘူး။ လာကြိုဖို့ဆို ပိုတောင်ဝေးသေး။

Jing Yang အတွက် ပိုက်ဆံရှာဖို့နည်းလမ်းမရှိတာတော့ မဟုတ်ပေမယ့် ပိုက်ဆံအတော်များများရှိဖို့ဆို အချိန်အတော်လေးတော့ ယူရမှာ။ ပိုက်ဆံအများကြီးကို ရဖို့ အလွယ်ကူဆုံးနည်းလမ်းက Cui Yan ကို ချက်ချင်း ရှာလိုက်ဖို့ပဲ။ သူက သူ့ခန္ဓာကိုယ်ကို ပန်းချီဆွဲဖို့ အတော်လေး ပြင်းပြင်းပြပြ စိတ်အားထက်သန်နေတာ မဟုတ်ဘူးလား? ဒါဆိုလည်း သူ့ကို ပန်းချီဆွဲခွင့်ပြုလိုက်ရုံပေါ့။ နောင်အနာဂတ်ကျရင်လည်း သူက သူ့လူဖြစ်လာမှာပဲကို။ ဒီတော့ အခုအခြေအနေကို အခွင့်အရေးအနေနဲ့ ဒီလူနဲ့ ခံစားချက်တွေ ပိုပြီးတိုးတက်လာအောင် လုပ်လိုက်မယ်လေ။

Cui Yan အိမ်ကိုရောက်တော့ သူက Jing Yang ကိုပြောတယ် "မင်း အရင်ဆုံး ရေသွားချိုးလိုက်လေ ကိုယ် အဆင်သင့်လုပ်ထားလိုက်မယ်"

ဒါက ပန်းချီလေးဆွဲရုံပဲကို ဘာလို့ ရေချိုးဖို့က လိုနေသေးတာတုန်းလို့ Jing Yang တွေးလိုက်မိတယ်။ ဒါပေမယ့် မကျေနပ်တာ ဘာညာ တစ်ခုမှ မျက်နှာမှာ မပြဘဲ Cui Yan ရဲ့ ဖုံးကွယ်ထားတဲ့ စိတ်လှုပ်ရှားမှုတွေကို မြင်တော့ သူ ဒီတိုင်းပဲ ရေသွားချိုးလိုက်တယ်။

ဒီကိုလာတဲ့ လမ်းတလျှောက်လုံး Jing Yang စိတ်ထဲ ထူးဆန်းတယ်လို့ တစ်စက်မှ မခံစားမိဘူး။ ဒီကမ္ဘာမှာ သူတို့နှစ်ယောက်က သိပ်မရင်းနှီးကြသေးဘူးဆိုပေမယ့် ကမ္ဘာပေါင်းများစွာ တစ်ယောက်နဲ့တစ်ယောက်ချစ်ကျွမ်းဝင်လာခဲ့ပြီးပြီပဲ။ အရာအားလုံးလည်း အတူတူလုပ်ပြီးသွားကြပြီ။ ဒီတော့ ပန်းချီဆွဲတာလောက်က သိပ်ပြီး ကြီးကြီးမားမားလည်း မဟုတ်လှပါဘူး။ ဒါပေမယ့် ရေနွေးနွေးက သူ့ခန္ဓာကိုယ်တလျှောက်ဖြတ်သန်းစီးဆင်းပြီး ဆေးကြောသွားတဲ့အခါ သူ့ခန္ဓာကိုယ်ကို Cui Yan ရှေ့ ပြရမယ်ဆိုတဲ့အတွေး တွေးမိတော့ သူ နည်းနည်းရှက်လာသလိုလိုပဲ။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Onde histórias criam vida. Descubra agora