Arc 8.13

4.8K 707 3
                                        


Poison Wolves သင်္ဘောတွေ နောက်ဆုံးမှာ ခက်ခက်ခဲခဲနဲ့ ဖုန်မှုန့်တွေကြားက ဆုတ်ခွာအပြီး အမှုန်တွေက စတင်ပြီး ပျောက်ကွယ်နေပြီဖြစ်ပါတယ်။ First Fleet ဘက်က သင်္ဘောတွေ တဖြည်းဖြည်းနဲ့ ရှေ့ကို တရိပ်ရိပ်တိုးလာပြီး Yuekan ကြယ်အစုအဝေးထဲကို တိုက်ရိုက်ဝင်ရောက်လာပါတယ်။ နှစ်ဖက်စလုံးက Yuekan ကြယ်အစုအဝေးထဲမှာ ရှိနေကြပြီးမို့ Poison Wolves ရဲ့ သဘာဝခံတပ်ကြီးကို သူတို့ဆုံးရှုံးလိုက်ရပြီး First Fleet နဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်ရင်ဆိုင်ဖို့ပဲ တတ်နိုင်ပါတော့တယ်။

တခြားနိုင်ငံတွေက လူတွေအားလုံးလည်း အခုမှ အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတော့တယ်။ Poison Wolves တွေ သနားစရာကောင်းလောက်အောင် အတိုက်ခိုက်ခံရပြီး မကြာမီ Poison Wolves ကြယ်ဆီ ဆုတ်ခွာရတော့မယ်ဆိုတာ အထင်အရှားပါပဲ။

"အင်အားအပြည့်နဲ့ တိုက်မယ်!" Chat က ပြတ်ပြတ်သားသား အမိန့်ပေးလိုက်ပြီး သူ့အမူအရာကတော့ ဒေါသတွေအပြည့်နဲ့ပါပဲ "Poison Wolves တို့ရဲ့ကြယ်ကိုတော့ သေချာပေါက်ဆုံးရှုံးလို့မဖြစ်ဘူး! တပ်ဖွဲ့အားလုံးထွက်တော့! Wilkesa သင်္ဘောတွေကို သေချာပေါက် ပြန်တွန်းလှန်ခဲ့!"

Poison Wolves က လူတွေ သူတို့ရဲ့အကောင်းဆုံး အဖွဲ့လိုက်တိုက်ခိုက်မှုကို သုံးလိုက်ကြပါတယ်။

စစ်ပွဲထဲရောက်သွားတဲ့ စစ်သားအားလုံးဖျက်ဆီးခံလိုက်ရတယ်ဆိုပေမယ့် Chat က Poison Wolves ကြယ်က အင်အားစုအားလုံးကို ထွက်လာစေလိုက်ပါတယ်။ Mecha ဒါဇင်ပေါင်းများစွာက ပုံစံတစ်ခုဖော်လိုက်ပြီး First Fleet က Mecha တွေဆီ ပြေးဝင်လို့သွားပါတယ်။

Denanfry က သူ့စစ်သားတွေကို ရှေ့တိုးဖို့ ဒါမှမဟုတ် ပြန်ဆုတ်ခွာဖို့ အမိန့်မပေးခဲ့ဘဲ သူတို့ဆီ ရောက်လာမှာကိုပဲ စောင့်နေလိုက်ပါတယ်။

သေချာတဲ့အကွာအဝေးတစ်ခုနားရောက်လာတဲ့အခါ သူတို့ကို ဝန်းရံလိုက်ကြပါတယ်။ Denanfry နောက်ဆုံးညွှန်ကြားလိုက်ပါတယ် "ဘယ်ဘက်ကနေပြီး ပထမအဖွဲ့က ဖြတ်ဝင်လိုက်၊ ဒုတိယအဖွဲ့က ညာဘက်ကနေ သူတို့ကို တိုက်မယ်၊ တတိယနဲ့ စတုတ္ထအဖွဲ့က ရှေ့ကနေ လမ်းဖွင့်ပေးထား"

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Место, где живут истории. Откройте их для себя