(၂)

5.6K 387 7
                                    

၂။

ကွင်းပြင်ကျယ်ကြီးထဲသို့ ကျုပ်ဝင်လာသည်နှင့် တိုင်တွင်ချိတ်ဆွဲထားသော အနီအပြာစပ် ကြယ်လေးလုံး ဝန်းရံထားသည့် ဖားစည်ပုံ အလံကြီးသည် ကျုပ်ကို ကြိုဆိုနေသည့်နှယ် လေအဟုန်ကြောင့် တလူလူလွင့်ကာ ယိမ့်နွဲ့မြူးထူးနေသည်ကို ဦးစွာ မြင်လိုက်ရသည်။ ထို့အတူ ကွင်းထဲရှိ ကော်ဖီစိုက်ခင်းကြီးထဲက ကော်ဖီပင်လို စီတန်းနေသော အစိမ်းပုပ်ရောင် ပြောက်ကျားဝတ်စုံနှင့် ရဲဘော်များသည် တညီတညွတ်တည်း ဝုန်းခနဲမတ်တပ်ထကာ ညာလက်သီးဆုပ်ကို ဝဲရင်အုပ်ပေါ်တင်၊ ရင်ကော့ ခေါင်းညွှတ်၍  နှုတ်ဆက်မှု သင်္ကေတ ပြုကြသည်။

ကျုပ်လည်း ပြန်လည် နှုတ်ဆက်ပြီးသည်နှင့် ရဲဘော်တစ်ဦးက အလိုက်သိစွာ ကျုပ်၏ အပေါ်ဝတ်ရုံကို ချွတ်ပေးသည်။ ပြီးလျှင် အဆောင်အယောင် အားလုံးကို တစ်ခုချင်း ဖြုတ်ကာ သူ့လက်ထဲတွင် သိမ်းထား၏။

ကျုပ် ကိုယ်ပေါ်တွင် စွပ်ကျယ်နှင့် ပြောက်ကျားဘောင်းဘီသာ ကျန်တော့သည်။ ခြေမျက်စိထိရှည်သော ဘောင်းဘီသည် ကျုပ်အတွက် ရှုပ်နေသဖြင့် ဒူးအောက်ထိ ခေါက်တင်မိသည်။

"ကျုပ်တို့ခေါင်းဆောင်ကွ"

"ကျုပ်တို့ ခေါင်းဆောင်သာ ခွန်အားအကြီးဆုံး"

"ခေါင်းဆောင်သည်သာ တောဘုရင်"

ရဲဘော်တို့သည် ဟစ်ကြွေးသံ အသီးသီးဖြင့် လက်သီးကို မိုးပေါ်ဆန့်တန်းကာ မိုးထိညံအောင် ဝိုင်းအော်ကြသည်။

ကျုပ်မလိုကြောင်း လက်ကာပြမှ နေရာသို့ မြက်ပင်များ ယိမ်းနွဲ့ပိကျသလို အကုန်ပြန်ထိုင်ကြသည်။

ကျုပ် ဤနေရာသို့လာခြင်းမှာ တစ်နှစ်တစ်ကြိမ် မိုက်မဲလှသော သားကောင်ကိုဖမ်းကာ ကွင်းပြင်ထဲ ရဲဘော်တို့ရှေ့၌ သားကောင်နှင့် ခေါင်းဆောင်ဖြစ်သည့် ကျုပ် လက်ချင်းယှဥ် တိုက်ရသည့် ပွဲဖြစ်သည်။ အလျင်နှစ်က ရွာသားတို့၏ နွားတွေကို ဝင်ဆွဲသည့် ငမိုက်သားကျားကြီးကို ကျုပ် အနိုင်ယူပြီးပြီ ဖြစ်သည်။ ယခုတွင် ရဲဘော်တို့ မည်သည့်သားကောင်ကို ဖမ်းထားမှန်း ကျုပ် မသိရသေး။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now