အချပ်ပို (၄၃)

398 30 20
                                    

ယနေ့ တိုက်ရသော တိုက်ပွဲတွင် ပြည်သူ့ ရဲဘော်က အခြေအနေ သိပ်မဟန်။ အထိကြီး ထိနေကြသည်။ ယခုလည်း အလွန်တော်သည့် ရှေ့တန်းက ရဲဘော်တစ်ဦး ကျဆုံးသွားလေပြီ။ ဤသည်အတွက် ရှေ့တန်းက ဈာန်ဘုန်းနိုင် ဒေါပိုပွလာသဖြင့် စူးရှသော ခွန်းဒါရီ၏ မျက်ဆန်ဝါနှင့် စစ်ကောင်စီ တပ်သားများကို ရမ်းသမ်း ပစ်ခတ်သည်။ ထို့ပြင် တွားသွားကာ စစ်ကောင်စီ တပ်ဘက်သို့ ဝင်တိုက်ရန် ကြိုးပမ်းနေ၏။

အသိစိတ် လွှတ်သွားကာ ဗျူဟာတွေ မေ့သွားသော သူတို့၏ ဗိုလ်ကြီးကို ရဲဘော်တွေက အံ့အားသင့်စွာ ကြည့်သည်။ သူတို့ ဗိုလ်ကြီးက တော်ရုံဆို အသိစိတ် မလွှတ်သွားတတ်။ ယခုက အဘယ်သို့။

"နောင်ကြီး!!"

နောက်တန်းက ခွန်းဒါရီသည် အသံကျယ်စွာ အော်ဟစ်ကာ ဈာန်ဘုန်းနိုင်အား တားဆီးရန် ရှေ့တန်းသို့ ချီတက်လာ၏။

"ဗိုလ်ကြီးကတော်!"

သူ့ဗိုလ်ကြီးအမည်ကို တပ်ခေါ်ကာ ရှေ့တန်းသို့ တက်သွားသည့် ဗိုလ်ကြီးကတော်ကို ရဲဘော်တို့ တားဆီးရပြန်၏။ 'နောင်ကြီး' ဟု ခွန်းဒါရီ ခေါ်ပေမဲ့ ရဲဘော်တို့က 'မောင်ကြီး' ခေါ်သည်ဟု ကြားရသည်။ အသံထွက်လည်း ဆင်သည်ကိုး။

"အချိန်ကျတော့မယ်။ တပ်ဆုတ်ကြ!!"

"ဗိုလ်ကြီးကတော်! ဘယ် ဘယ်သွား-"

"နောင်ကြီး ရန်သူ့စခန်းဘက် တစ်ယောက်တည်း သွားတာ ကျုပ်က ဒီအတိုင်း လွှတ်ထားရမှာလား!!"

တဒိုင်းဒိုင်း သေနတ်သံတွေကြား ဟိန်းထွက်လာသော ဗိုလ်ကြီး ကတော်၏ အသံဩကြီးကြောင့် ရဲဘော်များမှာ တွန့်ခနဲ။ ဗိုလ်ကြီး အသံအတိုင်းပဲ။

"ကြောင်မနေကြနဲ့! ကျုပ် ပြောတဲ့အတိုင်း ပြန်ဆုတ်!!"

"ဟုတ်! ဗိုလ်ကြီးအမိန့်! ဆုတ်မယ်!"

စကားပြောစက်ကို ထုတ်ကာ ထိုရဲဘော်သည် သူတို့ ဗိုလ်ကြီးကတော် အမိန့်ချသည်ဟု မဆိုဘဲ ဗိုလ်ကြီး အမိန့်ဟု ယောင်ကာ ထွက်သွားသည်။ သို့သော် ရဲဘော်တွေက ဘာမှ မတုံ့ပြန်ကြဘဲ အမိန့်အတိုင်း ဆုတ်သွားကြသည်။

အရေးနိမ့်၍ တပ်ဆုတ်သွားသော သူတို့၏ ပြည်သူ့ ရဲဘော် တပ်သားတွေကို ကြည့်ကာ လှောင်ရယ်သော စစ်ကောင်စီ တပ်များအား ရဲဘော်တွေက နာကျည်းစွာ ကြည့်ရင်း။ ကျဆုံးသွားသော အာဇာနည် ရဲဘော်၏ ရုပ်ကလာပ်ကို သယ်ယူသွားကာ ယူကျုံးမရဖြစ်မှု၊ ဝမ်းနည်းမှု များစွာနှင့်။ ထို့ပြင် ကျန်ရစ်သော ဗိုလ်ကြီးနှင့် ဗိုလ်ကြီးကတော်တို့ ဘေးကင်းစွာ ပြန်လွှတ်မြောက်နိုင်ပါစေဟု ဆုတောင်းရင်းနှင့်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Место, где живут истории. Откройте их для себя