အချပ်ပို (၃၆)

487 51 18
                                    

"ဟင်း..."

တစ်လက်မသာ ကျန်သော စီးကရက်တိုကို ကျောက်သားပေါ် မီးသတ်ရင်း ဈာန်ဘုန်းနိုင် သက်ပြင်း အလီလီသာ ချနေမိသည်။

ဈာန်ဘုန်းနိုင် ရင်အလွန် လေးပင့်နေသည်။ အကြောင်းကား တိုင်းရင်းသား လက်နက်ကိုင်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြားက အတော မသတ်နိုင်သော ပဋိပက္ခကြောင့်။ ပြီးဆုံးခဲ့ပြီ ထင်ရပေမဲ့ မပြီးဆုံးနိုင်သေးသော တင်းမာမှုများ။ သဘောထားချင်း ကွဲလွဲမှုများ။

အကြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၏ သဘောထားသည် အလျင်ကအတိုင်းပင်။ ပြည်သူတွေ မိမိတို့၏ ရပ်ရွာတွင် ကိုယ်တိုင် ပြန်နေရဖို့အရေး ကြိုးပမ်းနေသည်။ ထို့ကြောင့် ပရိယာယ်တွေနှင့် စစ်ကောင်စီတွေကို ချဉ်းနင်း တပ်ဆုတ်စေသည်။ ပြန်လည် တပ်ဆုတ်သွားသော စစ်ကောင်စီတွေကြောင့် ပြည်သူအချို့ ၎င်းတို့၏ ရပ်ရွာတွင် ပြန်သောင်တင်ကြသည်မှာ လပိုင်းမျှ ရှိလေပြီ။ တောင်ယာတွေ ပြန်လုပ်ကိုင် ရခွင့်လေပြီ။

ဤသို့ တွေးကြည့်သော် သူတို့၏ လုပ်ရပ်က မဆိုးဘူးဟု ကျိတ်ချီးကျူးမလို ရှိသေး။ လူငယ်တွေ ဖြစ်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖက်က စစ်ခွေးတို့၏ ဖိနပ်ကို လျက်နေကြသည့် Generation L** တွေ၊ သူတို့လုပ်မယ်ဆိုပြီး ဒီနှစ်အတွင်း ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ရှိမလာဘူးဟု လူကြီးတွေကို အံကြိတ် ပုတ်ခတ် ဆိုကြလေကာ စစ်ခွေးတပ်တွေ ပြန်ဆုတ်သော နယ်မြေမှာ ဝင်တပ်စွဲကြသည်။ ဤတစ်ခေါက် အပြတ်အသတ် တိုက်မည်ဟု ကျုံးဝါးပြီး ၎င်းနယ်မှာပင် ရက်တိုင်းလိုလို တိုက်ပွဲ ပြန်ဖြစ်သည်။

လိုအပ်သော ကျည်တွေကို ကူညီလှူဒါန်းခြင်း၊ ခွန်းဒါရီနှင့်အတူ စစ်ကူတိုက်ခြင်းများကို ဈာန်ဘုန်းနိုင် ပြုလုပ်နေသော်လည်း လွန်ခဲ့သည့် ရက်က အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် မိသားစုအလိုက် ထပ်ဆင့် ထွက်ပြေးရပြန်သော ဒေသခံ ပြည်သူတွေကို ပြန်မြင်ယောင်တိုင်း ဈာန်ဘုန်းနိုင် စိတ်ဖြောင့်ဖြောင့် မတိုက်နိုင်။

တစ်ခါတစ်လေ တွေးမိသား။ ဈာန်ဘုန်းနိုင်တို့ စစ်တိုက်နေတာ မှန်ပါရဲ့လား။ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရပေမဲ့ ကိုယ်ကိုတိုင်ရော၊ တရားမျှတမှုကို တကယ် လုပ်နေရဲ့လား။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Hikayelerin yaşadığı yer. Şimdi keşfedin