အချပ်ပို (၂၅)

594 47 21
                                    

မနက်ခင်းအချိန် ရှေ့တန်းထွက်ခါနီး ရဲဘော် တပ်သားများသည် ခွန်းဒါရီကို ဒူးထောက် ဂါရဝ ပြုနေကြသည်။ ဤသည် ရှေ့တန်းထွက်ခါနီးတိုင်း ရဲဘော်တို့ လုပ်လေ့ရှိသည့် အပြုအမူ တစ်ခုပင်။

ရှေ့တန်းမထွက်ခင် သူတို့၏ ဆရာသဖွယ် အဖသဖွယ် လေးစားချစ်ခင်ရသော ဗိုလ်ကြီးဖြစ်သူ ခွန်းဒါရီကို ဦးခိုက်ပြီးလျှင် ဆုတောင်းမေတ္တာကို ခံယူ‌လေ့ရှိသည်။ ပြီးလျှင် မြေကြီးကို နဖူးပေါ် လိမ်းကျံပြီး မြေနတ်ကို စောင့်ရှောက်စေသည်။ ကောင်းကင်နတ်ကိုလည်း လေးစားစွာ ဖိတ်ခေါ်သလို ဝိဉာည်များကို သူတို့အား လိုက်စောင့်ရှောက်ရန်လည်း တောင်းဆိုကြပါသည်။

ယခုလည်း ကျောက်တုံးပေါ် ထိုင်နေသော ခွန်းဒါရီအား ရဲဘော်တို့သည် လေးစားမှုဖြင့် ဦးခိုက်နေကြ၏။

"အားလုံး ထလို့ရပြီ၊ အမှန်တရားကို မြတ်နိုးတဲ့ မင်းတို့အတွက် ကျုပ် ဂုဏ်ယူတယ်၊ နတ်ကောင်း နတ်မြတ်တွေ စောင်မကြပါစေ"

ရဲဘော်တို့သည် 'ပေးတဲ့ဆုနဲ့ ပြည့်ပါစေ' ဟု ဆိုကြသည်။

"ကိုယ် ယုံကြည်ရာ ဘုရားကို အကူအညီ တောင်းကြဖို့လည်း မမေ့နဲ့"

"ဟုတ် ဗိုလ်ကြီး"

"အိုကေ၊ နောက်ဆုံး မှာကြားချင်တာက လုံးဝသတိ မပြတ်စေနဲ့၊ အားလုံး ပြန်လာတာပဲ မြင်ချင်တယ်"

"ဟုတ်ကဲ့ပါ ဗိုလ်ကြီး၊ ဗိုလ်ကြီးတို့လည်း ဂရုစိုက်ပါ"

ခွန်းဒါရီက ခေါင်းကို တစ်ချက် ညိတ်သည်။ ရဲဘော်တို့လည်း တပ်ကား အသီးသီးပေါ်သို့ သွက်လက်စွာ တက်ကြပြီ။ ထိုအခါ အချိန်ကောင်းကို စောင့်နေသည့် ဈာန်ဘုန်းနိုင်သည် ခွန်းဒါရီ မောင်းမည့် တပ်ကားပေါ်ကို ရဲဘော် အဖွဲ့နှင့်အတူ အပြေးတက် ထားလိုက်သည်။

နောက်မှ တက်လာသော ခွန်းဒါရီက တံခါးကို ဂျိမ်းခနဲ ပိတ်ပြီး ဈာန်ဘုန်းနိုင်ဘက် လှည့်ကြည့်၏။

"နောင်ကြီးကွာ၊ ရုပ်ကိုက ကစားကွင်းသွားရမဲ့ မူကြိုကလေး ရုပ်နဲ့၊ အခု ကျုပ်တို့ သွားမှာက မိုင်း ရှင်းရမဲ့ နယ်ကွ၊ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ မိုင်းတွေကို ရှင်းရမဲ့ နယ်"

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now