(၁၀)

3.3K 294 17
                                    

၁၀။

အပြင်မှ တအုန်းအုန်း စကားပြောသည့် အသံကြီးများကြောင့် ဈာန်ဘုန်းနိုင် ဆက်အိပ်၍ မရတော့ပေ။

ကျောက်တုံးကြီးလို တစ်ကိုယ်လုံး ပိနေသည့် စောင်ပုံကြီးကို မနည်းဖယ်ခွာရင်း ဝှါးတစ်ချက်သန်းကာ မျက်လုံးကို ပွတ်သည်။

မနေ့က သူစောင်ခြုံခဲ့သည်မှာ သည်လောက် မများပါဘူးဟု တွေးမိရင်း ထိုလူကြီး၏ မျက်နှာကို သွားမြင်ယောင်မိသည်။

မဟုတ်မှ၊ ကိုယ့်ကိုစောင်ပုံကြီးနှင့် ဖိသတ်ဖို့ ကြံနေလေရော့သလား။

မနက် စောစောစီးစီး ထိုလူကြီးကြောင့် ဒေါသထွက်ရပြန်သည်။ ခေါင်းကိုခါယမ်းရင်း စောင်ပုံထဲမှထွက်ပြီး မျက်နှာသစ် သွားတိုက်ရန် အပြင်ထွက်သည်။

အပြင်ရောက်တော့ ကွင်းထောင့်ရှိ ဝါးပင်များကာ ယိမ်းထိုးကာ ဈာန်ဘုန်းနိုင်ကို လက်ဝေ့ယမ်းပြနေသယောင်။

လေအေးကိုရှူရှိုက်မိရင်း ကျူပင်လို မြေပေါ်စုရုံးထိုင်နေသော ရဲဘော်အယောက် ငါးဆယ်ကျော်ရှေ့တွင် စကားပြောနေသည့် နွားခေါင်းတုံးကို အမြင်ကပ်ဖွယ် မြင်နေရသည်။

ဘာတွေ ပြောနေကြမှန်းမသိ။ သွားတန်းကြီး ပေါ်နေသည်အထိ ပြုံးရယ်နေသည်မှာ ဈာန်ဘုန်းနိုင် တွေ့ဖူးသည့်သူမှ ဟုတ်ရဲ့လားဟု သံသယ ဝင်မိသည်အထိ။

သူ့ရဲဘော်များလည်း တဝါးဝါးနှင့် အော်ရယ်နေသည်။

"အရမ်းပျော်နေတာပေါ့"

ခါးထောက်ပြီး အံကြိတ်မိသည်။

ကျောပေးထိုင်နေသော နွားခေါင်းတုံးကြီးက ဈာန်ဘုန်းနိုင်ကို မမြင်ပေ။ ထိုအစား ဈာန်ဘုန်းနိုင်နှင့် မျက်နှာချင်းဆိုင် ဖြစ်နေသည့် ရဲဘော်တွေ၏ အကြည့်များက ဈာန်ဘုန်းနိုင်ဆီကို အုန်ခနဲ ကျရောက်လာတော့သည်။

ထိုအခါမှ နွားခေါင်းတုံးလည်း မျက်နှာတည်ကြီးနှင့် လည်ပြန်ကြည့်၊ လူအုပ်ထဲမှ ထွက်ကာ ခါးထောက်နေသော ဈာန်ဘုန်းနိုင်ဆီ တစ်လှမ်းချင်း လျှောက်လာနေသည်။

သူ့ခြေလှမ်းသည် ခြင်္သေ့တစ်ကောင်လို အမြဲတစေ အားအပြည့်နှင့် လက်သီးဆုပ်လည်း တကားကားနှင့်။ ဝတ်စုံအပြည့်နှင့် ခါးတစ်ဝှိုက်တွင် သေနတ်တိုများလည်း ချိတ်ဆွဲထားလျက်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now