အချပ်ပို (၅၄)

418 37 10
                                    

ခွန်းဒါရီ အစည်းအဝေးကို သွားတက်သည့် အချိန် ကာလသည် တစ်ပတ် ကြာမည်ဖြစ်သည်။ ခူးပရာကို မပြန်သေးဘဲ ဈာန်ဘုန်းနိုင်သည် မြို့ပြမှာသာ ဆက်နေသည်။ မြို့ပြသည် စစ်တပ်ထိန်းချုပ်မှုအောက် ဖြစ်လို့ မီးမှန်မှန်ရပြီး လိုင်းရသဖြင့် ကံစမ်းမဲအစီအစဉ် ပရောဂျက်တစ်ခုကို လုပ်နေလိုက်၏။ ပရောဂျက်ကား ငှက်ကင်ရန်ပင်။ ပရောဂျက်လုပ်နေသည့် ကာလတွင်း ဈာန်ဘုန်းနိုင်သည် မသင်္ကာမှုတစ်ခု ခံစားနေရသည်။ တစ်ယောက်ယောက်က သူ့ကို စောင့်ကြည့်နေသည့် ခံစားချက်မျိုးရ၏။ သို့သော် စိတ်ထင်မှာပါဟုသာ ‌ကိုယ့်ကိုယ်ကိုယ် ဖြောင်းဖြသည်။

ခွန်းဒါရီ ထွက်သွားပြီး တတိယမြောက်နေ့တွင် ဈာန်ဘုန်းနိုင်သည် ညနေခင်း ရေချိုးအနားယူပြီး ခြောက်သွားသော အဝတ်အစားတွေကို သွားရုတ်ကာ မီးပူခေါက်သိမ်းသည်။ ထိုအခါ လျှော်ထားသည့်ထဲမှ အတွင်းခံတစ်ထည် လျော့နေသည်ကို တွေ့ရ၏။

"ဟင်!"

အာမေဋိတ်ဆိုကာ မျက်မှောင်ကုပ် စဉ်းစားမိသည်။

"ကျသွားတာများလား"

လမ်းလျှောက်လာသည့် နေရာအတိုင်း ပြန်သွားကြည့်သော်လည်း မတွေ့။

"လေပြင်းကြောင့် ပြုတ်ကျတာများလား"

ပြန်တွေးကြည့်သော်လည်း အဝတ်ကလစ်နှင့် ညှပ်ထားသဖြင့် မကျနိုင်။ ဘာကြောင့်ပါလိမ့်။ ရဲဘော်တွေ ယူတာမျိုးလည်း ပိုတောင် မဖြစ်နိုင်။ မဟုတ်ရင် သူခိုးဝင်ယူတာများလား။

မြို့ထဲ သူခိုးဝင်တတ်သည်မို့ ဈာန်ဘုန်းနိုင် ထည့်စဉ်းစားခြင်း။ အကြောင်းရင်း အမျိုးမျိုးကို ရှာကြည့်ပေမဲ့ အကုန်လုံးက မဖြစ်နိုင်ပေ။

"ထားလိုက်ပါတော့"

ဈာန်ဘုန်းနိုင် ထားလိုက်ရသည်။ အတွင်းခံ တစ်ထည်လေးပဲကို။ အဲ့လောက် စဉ်းစားစရာ မလိုဘူးထင်။ အကယ်၍ တစ်ယောက်ယောက် ယူသွားလျှင်တောင်မှ ရှိစေတော့လေ။

ခေါင်းခါကာ မီးပူတိုက်ပြီးသား အဝတ်အစားများကို ဗီိရိုထဲ သိမ်းသည်။ ထို့နောက် ရာသီဥတုက ပူသောကြောင့် ဈာန်ဘုန်းနိုင်သည် ညဝတ်အနေဖြင့် အတွင်းခံတစ်ထည်နှင့် ခွန်းဒါရီ၏ တီရှပ်အပွကြီးတို့ကိုသာ ခံဝတ်ထား၏။ အင်္ကျီက ကြီးလွန်းသဖြင့် ပေါင်လယ်ထိပင် ဖုံးသည်။ အနားယူ ဖုန်းသုံးနေစဉ် ခွန်းဒါရီက ဖုန်းဆက်သည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now