အချပ်ပို (၅၂)

397 35 16
                                    

"ဝူး~~ ဖုန်တွေ၊ ဖုန်တွေ၊ စိတ်ညစ်လိုက်တာ!"

ဖုန်တောလမ်းကို ကားစီးဖြတ်လာစဉ် ဈာန်ဘုန်းနိုင် အော်မိသည်။ ကားမှန်ပိတ်ထားပေမဲ့ ဖုန်တွေက အတောမသတ်နိုင်စွာ တလူလူ ဝင်လာသည်လေ။ ကားမောင်းနေသည့် ခွန်းဒါရီက ဈာန်ဘုန်းနိုင်ကို ကြည့်ရင်း ပြုံးစိစိ။

သည်ကနေ့ အတာသင်္ကြန်မှာ ဈာန်ဘုန်းနိုင်တို့ လင်လင်နှစ်ဦးသည် ရှေ့တန်းမထွက်တော့ဘဲ အနည်းငယ်ဝေးသော တစ်နေရာက စစ်ရှောင်တွေ အတွက် ရေသွားလှူခြင်း။ ယခုသည် ပြန်လာသည့် လမ်းမှာပင်။ မနက်အစောကြီး သွားစဉ်က ဖုန်သည် ဤမျှလောက်မထ။ အခုက ပူကပူသေး။

အလျင်နှစ်က ရာသီဥတုသည် သည်လောက်မပူ။ ခေတ်ပျက်ကြီးထဲမှာ တောင်ပေါ်ဒေသ၏ ရာသီဥတုတွေလည်း ဖောက်ပြန်လာလေပြီ။ ကတုံးဖြစ်နေသော တောင်တန်းတွေကြောင့် သည်နေရာသည် ရန်ကုန်နှင့်မခြား အိုက်လာလေပြီ။

စိတ်မချမ်းသာရပါ။ သို့သော် သည်းခံလိုက်ပါမည်။ တစ်လလောက်ပါပဲ။ မိုးဦးရောက်လျှင် ပြန်အဆင်ပြေ လောက်ပါပြီ။

ဈာန်ဘုန်းနိုင် ငြိမ်နေလိုက်၏။ ခွန်းဒါရီက ကြည့်လာပြီး သည်းခံနိုင်လို့ တော်သည်ဆိုသည့် သဘောနှင့် လက်မထောင်ပြသည်။ ဈာန်ဘုန်းနိုင် ဟွန့်ခနဲ နှာမှုတ်၏။

သည်းခံနိုင်ပေမဲ့ ရင်ထဲ အဆင်ပြေ မနေဘူးနော်!

တောင်ပေါ်စခန်း ပြန်ရောက်သော် သိပ်ပင်မနားဘဲ ခွန်းဒါရီက ကားရေဆေးသည်။ ရဲဘော်တို့ကို ခိုင်း၍ ရပါလျက် ခွန်းဒါရီက မခိုင်း။ ကားအသစ် ဝယ်ကတည်းက သူကိုယ်တိုင် စောင့်ရှောက်သည်။ မေးလျှင် သူပြောသည်က ဈာန်ဘုန်းနိုင်အတွက် ဝယ်ပေးသည့် ကားဖြစ်လို့တဲ့လေ။ ချစ်ဖို့ကောင်းသည့် လူသားပါလေ။

သို့နှင့် ဈာန်ဘုန်းနိုင်မှာလည်း အေးဆေးမနားတော့ဘဲ ခွန်းဒါရီအား ကားဆေးကူဖို့ လာလိုက်၏။

"ကိုယ် လာပြီ!"

ခွန်းဒါရီက တစ်ချက် ကြည့်လာပြီး-

"အေးဆေးမနားဘူးကွာ"

"မောင်ကြီးနဲ့ နေချင်လို့လေ"

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now