အချပ်ပို(၃)

2K 147 13
                                    

Unicode

ဝုန်း...

ကျယ်လောင်လွန်းလှသော၊ မဟုတ်...အင်မတိ အင်မတန် ပြင်းထန်လွန်းလှသော ဗုံးပေါက်ကွဲသံကြောင့် မြေပြင်သည် သိမ့်သိမ့်ခါသွားသည်။ လေထုထဲရှိ ကမ္ဘာလုံးသည် မခိုင်တော့သဖြင့် လှုပ်ခါနေပြီဟုပင် အောက်မေ့ရသည်။ ဗုံးကျရာ နေရာတွင် မီးခိုးမဲကြီးများသည် အလုံးအရင်း အလိပ်လိပ် တက်လာသည်။ မီးစာများ၊ မီးတောက်များလည်း လက်ခနဲ လက်ခနဲ တက်လာ၏။

ထိုအခါ မြေပြင်ပေါ်တွင် ဝပ်တွားနေသည့် အစိမ်းပုပ်ရောင် ပြောက်ကျားဝတ်စုံနှင့် ပြည်သူ့ရဲဘော်များသည် နားနှစ်ဖက်ကိုပိတ်ကာ ဝမ်းလျားမှောက်ရသည်။

ခြုံပုတ်၊ မြောင်းထဲ၊ ပိုက်လုံတံတားအောက်တွင် ရဲဘော်များ ဟိုတစ်စ၊ ဒီတစ်စ ပျံ့ကျဲနေလျက်။

ဝီး...ဝီး...ဝီး...

စစ်မြေပြင်ရှိ ကောင်းကင်အောက်တွင် စစ်ကောင်စီ၏ ဟယ်လီကော်ပီတာ နှစ်စီးသည် လင်းတငှက်ကြီးကဲ့သို့ ဝဲကာ ဝိုက်ကာ ပျံသန်းနေသည်။ ထိုယာဥ်များမှ ကြိုးတန်းများသည် တစ်ချောင်းပြီးတစ်ချောင်း တွဲလီတွဲလောင်း ကျလာကာ လူတစ်ဦးစီ ပါလာ၏။

ထိုမည်းမည်းသဏ္ဌာန် လူတွေသည် ပြည်သူ့စစ်သားများ ဝိုင်းဖမ်းထားသော သူ့လူများကို ရဲဘော်တွေ ဗုံးကြောင့် မြေဝပ်နေခိုက် အလစ်သုတ် ပြန်ကယ်ဆယ်နေခြင်းပင်။

"တောက် မြေနိုး စစ်ခွေးတွေ..."

ပေါက်ကွဲသံရပ်သွားမှ ရဟတ်ယာဥ်ပေါ်က သူတို့ကို တာ့တာလုပ်ပြီး ပြောင်ပြသွားသော စစ်ခွေးတွေကို ရပ်ကြည့်ရင်း ပြည်သူ့ရဲဘော်တစ်ဦးမှ မချိတင်ကဲ တောက်ခေါက်လာခြင်းပင်။

ဧကန်စင်စစ် မိုက်မဲလှသော စစ်ကောင်စီများကို ပြည့်သူ့တပ်သားများက ဖမ်းဆီးနိုင်၍ ထွက်မပြေးနိုင်အောင် ဝန်းရံထားပါ၏။ သို့သော် တုံးသလိုလိုနှင့် ဉာဏ်များလှသော အနှီစစ်ခွေးတို့သည် ကယ်ပါ ယူပါနှင့် တငိုငို တရီရီ ဒူးထောက် တောင်းပန်နေသည်။ တွေဝေသွားသော သူတို့ကို ခုတုံးလုပ်ပြီး စစ်ခွေးတစ်ဦးက သူတို့၏တပ်ကို ရဟတ်ယာဥ်နှင့် လာကယ်ရန် ခိုးဆက်သွယ် မိခဲ့ခြင်းပင်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now