အချပ်ပို (၂၄)

584 59 8
                                    

အခုနောက်ပိုင်း ခွန်းဒါရီ၏ 'နောင်ကြီးကို ယုံကြည်တယ်' ဟု ဆိုကာ သဘောထား ပြောင်းလဲ သွားသောကြောင့်ရော၊ စစ်ရေး ပိုနားလည်လာသည့် ဈာန်ဘုန်းနိုင်ကြောင့်ပါ ဖြစ်မည်။ တိုက်ပွဲတိုင်းလိုလို ခွန်းဒါရီတို့နှင့် ဈာန်ဘုန်းနိုင် လိုက်ပါခွင့်ရ၏။

ယခုလည်း တောင်ပိုင်း တစ်နေရာက နေ့တိုင်းလိုလို စိပ်လာသော တိုက်ပွဲတွင် ဈာန်ဘုန်းနိုင်သည် ခွန်းဒါရီတို့၏တပ်၊ ပြည်သူ့ကာကွယ်ရေး တပ်သားတို့နှင့်အတူ ရှေ့တန်း လိုက်ထွက်နေရသည်။

ကန်ပေါင်ပေါ်ကို သေနတ်တင်ပြီး တဒိုင်းဒိုင်း ပစ်ခွင်းလာသော စစ်ကောင်စီတို့ကို ဈာန်ဘုန်းနိုင်တို့လည်း ခံစစ်မှ ပြန်ပစ်နေရသည်။ ခွန်းဒါရီသည် ဈာန်ဘုန်းနိုင်၏ ဘေးကပ်ရပ်တွင်။

"ကျည်ဆန် အမြန် ထပ်ဖြည့်ကြ ရဲဘော်တို့"

သေနတ်သံကြားက ခွန်းဒါရီ၏ အမိန့်သံကြီးကြောင့် ရဲဘော်တို့သည် မျက်နှာငယ်နှင့် လှည့်ကြည့်ကြသည်။ ဈာန်ဘုန်းနိုင်လည်း လှည့်ကြည့်၏။

"ဖြည့်စရာ ကျည်မှ မရှိတော့တာ ဗိုလ်ကြီးရာ"

ချက်ချင်း မျက်နှာပျက်သွားသော ခွန်းဒါရီက သူ့တွင် ကျန်နေသေးသည့် ကျည်တွေကို ရဲဘော်တွေဆီ ခွဲဝေပေးသည်။ ဈာန်ဘုန်းနိုင်လည်း လိုက်ပါ ခွဲဝေပေးလိုက်ပါသည်။ ထိုအခါမှ မျက်နှာ ရွှင်ပျသွားသော ရဲဘော်တို့သည် တိုက်ပွဲကို ဆက်လက် ခရီးနှင်ရတော့သည်။

ကျည်မလောက်သော ပြည်သူ့တပ်သားများ၏ ဝမ်းနည်းစရာ အဖြစ်ကို ကြုံခဲ့ရပြီးနောက် ဈာန်ဘုန်းနိုင်သည် တစ်ခုခုလုပ်ရန် အကြံရလာ၏။

ဤသည်မှာ ကျည်ဆန်အတွက် ကံစမ်းမဲ အစီအစဉ်တွေ လုပ်နေသော တပ်ဖွဲ့ဆီကို အနည်းငယ် ကျန်ရှိသေးသော ကိုယ်ပိုင်ငွေနှင့် ပါဝင် ကူညီပေးရန်ပင်။ လိုလိုမည်မည် ဈာန်ဘုန်းနိုင်၏ လက်ဝတ်လက်စား တစ်ခုကို မဲဖောက် ရောင်းချရန်လည်း စီစဉ်ရသည်။ ထိုအတွက် ဖုန်တက်နေသော အကောင့်အစစ်ထဲသို့ ပြန်ဝင်ရတော့မည်။

ဤသို့နှင့် တောစခန်းထဲ ပြန်ရောက် ညနေစာစားပြီး ဈာန်ဘုန်းနိုင်သည် လိုင်းရသော စမ်းချောင်းနံဘေးမှာ ထိုင်ချရင်း လက်ပ်တော့ပ်တစ်လုံးနှင့် တကုပ်ကုပ် အလုပ်ရှုပ်နေရသည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now