(၃၇)

2.1K 198 2
                                    

၃၇။

မြည်းဂျပုသည် ဈာန်ဘုန်းနိုင်တို့ကို သူတို့တပ်ရင်း၏ အနောက်တောထဲရှိ ညောင်ပင်ကြီး တစ်ပင်စီတွင် နှစ်ယောက်တွဲ တိုင်ကပ် ချည်တုပ်ထားကာ အစောင့်အကြပ် နှစ်ယောက် ထားစေ၏။

ကိုယ်ပေါ် တစ်ပိုင်းလုံးကို နိုင်လွန်ကြိုးနှင့် တင်းနေအောင် ချည်တုပ်ထားသည့်အတွက် အသက်ကို လုရှူရသည်။ တင်းကြပ်ပြီး နာကျင်မှုလည်း ပြောပြမတတ်...။

တစ်ဖက်အပင်မှ ချည်ထားခံရသည့် ဧကလျာသည် ရှိုက်ငိုနေသည်။ သူရိန်ငြိမ်းသည် လှမ်းမမြင် ရသော်လည်း ကျောဘက်ဖြစ်သည့် ဧကလျာကို အမျိုးမျိုး ချော့သိပ်နေသည်။ ဟိဏ်းစစ်မင်းသည် ကြိုးဖြည်ရန် နည်းလမ်းကို အမျိုးမျိုး ထုတ်သုံးနေ၏။

ဈာန်ဘုန်းနိုင်မှာမူ နောက်ကျောလည်း မာကျောသော ပင်စည်ဖု ကြီးများကြောင့် အောင့်သက်ကာ စပ်ဖျဥ်းနေသည်။ ပင်စည်တန်း၊ မြေနီပေါ်မှ တွယ်တန်း သွားလာနေသည့် ပုရွက်ဆိတ်တွေ ခြေထောက်ပေါ် မတက်စေရန်နှင့် ပိုးဟပ်၊ ဖြုတ်ကောင်များ တဝဲဝဲ ပြုနေသည့် အတွက်ကြောင့်ရော စုချည်ထားသော ခြေထောက်တွေကို လှုပ်ရှားရပြီး တွန့်တွန့်လူး နေရသည်။

ညောင်ပင်ရိပ်ကြီးက အေးချမ်းစေသော်လည်း ညောင်ပင်ရိပ်အောက် ချည်နှောင်ခံရသည့် သူတို့လေးဦးကား စိတ်အစုံ ပူလောင် နေရပါသည်။ ခန္ဓာကိုယ် နာကျင် နေရပါသည်။ သောကတွေ ဝေနေရပါသည်။ ကျွန်းပင်၊ သစ်ပင်ရနံ့တွေ သယ်ဆောင်လာသည့် လေညင်းတွေသည် သူတို့လေးဦးကိုပါ တစ်ခါတည်း သယ်ဆောင် သွားပေးဖို့ ကောင်းသည်။ ခန္ဓာတစ်ခုလုံး မသယ်ဆောင် ပေးနိုင်လျှင်တောင် ပူလောင်နေသော ရင်အစုံကို ငြိမ်းအေးပေးဖို့ သင့်သည်။ နာကျင် လိုက်လေခြင်း။ ရင်နာ လိုက်လေခြင်း။

ဘာကြောင့် ယခုလို အဖြစ်မျိုး ရောက်နေရသနည်း။ ဘာအမှားတွေများ ကြူးလွန်ခဲ့မိလို့ ဤအဖြစ်လိုမျိုး ကြုံတွေ့နေရသနည်း။

ဈာန်ဘုန်းနိုင်သည် တွန့်တွန့်လူးနေရာမှ ရပ်ကာ အကိုင်းတွေ ဖြာထွက်၊ အရွက်တွေ ဝေဝေဆာနေသည့် ညောင်ပင်အိုကြီးကို မော့ကြည့်နေမိသည်။ အပင်ပေါ် တည့်တည့် ရောက်နေသော နေလုံးကြီးသည် အရွက်များကို ထိုးဖောက်ကာ ကွက်တိကွက်ကျား ဖြာဆင်းနေ၏။ အရမ်းကြီးလည်း မျက်စိမစူးစေဘဲ တလက်လက် ထနေသော ပုလဲလုံးများလို အရွက်ကြားမှ ဟိုတစ်စွန်း ဒီတစ်စ လက်နေသည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now