(၁၂)

3.2K 274 8
                                    

၁၂။

ရက်အနည်းငယ်ကြာသော် မနက်အချိန် ခွန်းဒါရီသည် ဈာန်ဘုန်းနိုင်ကို သူ့အိမ်သို့ပြန်ပို့၊ ပြန်လာမည်ဟူသော စကားတစ်ခွန်းသာပါးကာ လှစ်ခနဲပျောက်သွားပြန်သည်။

ခြံတံခါးဝါးလုံးကိုဖယ်ရင်း ဈာန်ဘုန်းနိုင် ခြံထဲကို မျက်လုံးကစားကြည့်သည်။ ခြံထဲတွင် တိတ်ဆိတ်နေ၏။ မီးဖိုချောင်တွင်တော့ မီးခိုးတလူလူ၊ အသားနံ့လည်း တသင်းသင်း ပျံ့နှံ့နေလေသည်။

နှာခေါင်းရှုပ် အနံ့ခံကြည့်ရန် နှုတ်ခမ်းစူနေဆဲ ခွန်းဒါရီ၏ 'နောင်ကြီးက ခွေးလား' ဟူသော စကားသည် သတိပေး ခေါင်းလောင်းလို ခေါင်းထဲတွင် တိန်ခနဲ။

ခေါင်းကို ခပ်နာနာလွှဲယမ်း၊ နှုတ်ခမ်းနှစ်လွှာကို တင်းတင်းဖိကပ်ရင်း မီးဖိုချောင်ဖက် ခြေသံဖော့ကာ လှေကားထစ်ကို တစ်ဆင့်ချင်း ဖြတ်တက်သည်။

အခန်းထဲရောက်ချင်း မီးခိုးငွေ့ကြား မြင်ရသည်က ရိုးရာဝတ်စုံ ခေါင်းပေါင်းနှင့် ဧကလျာ၊ သူ့ဘေးတွင် မူ့ရာက တစ်ခုခုကို သင်ပေးနေဟန်။  

"အမ် ဒီလိုခေါက်ရတယ်၊ နှီးရွက်နဲ့ ကြပ်ကြပ်လေးစီးမှ ပြုတ်တဲ့အချိန် ပြန်မပြေမှာ"

မြူခိုးလို အဖြူရောင် မီးခိုးကြား ဧကလျာသည် အစိမ်းရောင် ဖက်ရွက်နှင့် တစ်ခုခုထုပ်နေဟန်။ သူရိန်ငြိမ်းတို့လည်း အစိမ်းရောင် ဖက်ရွက်ဝိုင်းဝိုင်းတွေကို မျက်တောင်မခတ် စိတ်ဝင်တစား ခေါက်ချိုးနေလေသည်။ 

သူတို့ပတ်ပတ်လည်တွင် ရေစိုနေဆဲသော ဖက်ရွက်အုပ်ကို အထပ်လိုက် ခင်းထားသည်။ ထိုအရွက်များဘေးတွင် ရေစိမ်ထားသော နှီးရွက်များ၊ ထို့အတူ နုတ်နုတ်စဥ်း နှယ်ထားသော အသားအိုး၊ နောက်ထပ် ထုံးစံအတိုင်း ရေနွေးအိုး၊ ခေါင်အိုးနှင့် ကွမ်းအစ်တို့လည်း မပါမဖြစ်။

"အို၊ ကိုဘုန်းနိုင် ဝင်ထိုင်ပါအုံး"

မူ့ရာသည် တစ်ချက်သာ မော့ကြည့်ကာ အပြုံးဖြင့် ဖိတ်ခေါ်လေသည်။

ထို့ကြောင့် ဈာန်ဘုန်းနိုင် အခန်းထဲကို ဝင်လာသည်။ ဧကလျာနှင့် သူရိန်ငြိမ်းတို့သည် ထိုအလုပ်ပေါ် ဈာန်ဝင်နေသည်မှာ ဝင်လာသည့် ကိုယ့်ကို ယောင်လို့ပင် မမော့ကြည့်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now