(၃၉)

2.2K 210 2
                                    

၃၉။

ဈာန်ဘုန်းနိုင် မျက်လုံးဖွင့်ချင်း ကိုယ့်အပေါ် အုပ်မိုးထားကာ မျက်နှာပြင် တစ်လျှောက် ပွတ်ဆွဲနေသော ရွစိရွစိ အနမ်းများကြောင့် ပြုံးနေမိသည်။

"မောင်ကြီး...နမ်းလို့ မဝသေးဘူးလား"

တစ်ညလုံး မအိပ်ဘဲ အနမ်းဇီးကွက် လုပ်နေမည့် ပုံရသည့် ခွန်းဒါရီ၏ ရှည်လာ​ပြီဖြစ်သော ခေါင်းတုံးပေါက်စ ခေါင်းကို ဖွဖွလေးပွတ်ပြီး မျက်လုံး မေးစင်းကာ ကျီစယ်သလို ပြောမိတော့ ခေါင်းခါပြသည်။

ထို့နောက် ငုံ့ကိုင်းကာ မေးစေ့ကို ဖျတ်ခနဲ နမ်းလာ၏။ ဆက်လက်ပြီး ဈာန်ဘုန်းနိုင်၏ နှုတ်ခမ်းကို ဦးတည်လာသော လေးကိုင်းအစုံကို လက်ညိုးဖြင့် ပိတ်တား လိုက်သည်။

"တစ်ညလုံး...၊ အိပ်ရော အိပ်ရဲ့လား"

လက်ညိုးထိပ်ကို ရွှတ်ခနဲ ရှိုက်ကာ ခေါင်းခါ ပြသည်။ ပြီးနောက် ဈာန်ဘုန်းနိုင်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားကာ နှုတ်ခမ်းအစုံ ကော့တက်လာသည်။ နဖူးပြင်ကို ဖွဖွလေးလည်း ထိထား၏။

"ကိုယ်လည်း နမ်းမယ်"

"နောင်ကြီးကွာ..."

ထိုသို့ မချိတင်ကဲ ရေရွတ်ကာ ကလေးလို ခေါင်းတဆတ်ဆတ် ညိတ်ပြလာပြီး ငြိမ်ခံပေးနေသော ကလေးကြီးကို ပါးနှစ်ဖက်မှ အုပ်ကိုင်ကာ နဖူးပြင်မှ စတင် ဖိကပ် နမ်းပေးလိုက်သည်။ ထို့နောက် နှုတ်ခမ်းပေါ်ကို ဖွဖွလေး ထိပေး၏။

"ရပြီ နောင်ကြီး၊ မနက်စာ စားဖို့ပြင်တော့"

"ဘာလို့လဲ၊ ကိုယ်က အခုမှ စတာကို"

မကျေနပ်သလို နှုတ်ခမ်းစူကာ ပြောမိတော့ ကလေးချော့မည့် မိဘလို ဆံပင်ကို သပ်ပေးကာ နင့်နင့်သည်းသည်း ပြုံးနေသည်။

"ကား အဆင်သင့် ဖြစ်နေပြီ၊ ရန်ကုန်ကို ပြန်ဖို့ အချိန်ရောက်ပြီ နောင်ကြီးရဲ့"

အဆုံးသတ်တွင် တုန်ရီနေသည်။

ခွဲခွာခြင်း...။ ထိုစကားက ချွန်မြသော ဓါးသွားလို ရင်အဝကို လာစိုက် ဝင်နေသည်။

နောက်ဆုံး အနမ်းမှန်းသိလို့...နောက်ဆုံး အချိန်မှန်းသိလို ခွန်းဒါရီက ကိုယ့်ကို တစ်ညလုံး မအိပ်ဘဲ နှုတ်ဆက် နေခဲ့တာလား။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now