(၁၆)

2.8K 258 6
                                    

၁၆။

"ကလျာ ကိုဘုန်းနိုင် ထွက်ပြေးသွားပြီ"

လှစ်ခနဲ ထွက်ပြေးသွားသော သူကိုပင် သတိမထား မိသည်အထိ ဧကလျာတို့ ထိတ်လန့်ကာ မှင်သက်မိနေဆဲ။ ထိုလူကြီး၏ ဒေါသထွက်နေသည့် ရုပ်ကို အခုထိ မျက်လုံးထဲက မထွက်သေး။

နဂိုကတည်းက လေသံနှင့် ဖျော့တော့နေသည့် သူရိန်ငြိမ်း၏ အသံသည် အသိစိတ် ကင်းကွာနေဆဲ သူတို့ကြား မထိုးဖောက်နိုင်ခဲ့။

"ကိုဘုန်းနိုင် ထွက်ပြေးသွားပြီလို့ ကြားကြရဲ့လား"

လေသံမာမာပင် မအော်ဖူးသည့် သူရိန်ငြိမ်း၏ အသံက ပတ်ဝန်းကျင် တစ်ခွင်လုံး လွှမ်းခြုံ သွားနိုင်အောင် ကျယ်လောင် လွန်းလှပါသည်။

"ဟင် ဟာ"

အားလုံး ဟင်ခနဲ ဟာခနဲ ဖြစ်သွားစဥ် အမြန်ဆုံး ပြေးလာသူလည်း ဈာန်ဘုန်းနိုင်ကို အော်လွှတ်ခဲ့သည့် လူကြီးပါလေ။

ထိုသူက ဈာန်ဘုန်းနိုင် ရပ်ခဲ့သည့်နေရာလေးကိုသာ အသက်မဲ့သော မျက်လုံးဖြင့် တွေတွေလေး ကြည့်နေလေ၏။

"ကလျာတို့ သွား သွားရှာရမှာပေါ့"

ဧကလျာ၊ ဟိဏ်းစစ်မင်းတို့ ပျာယာခတ်သွားကာ လိုက်ရှာဖို့ ပြင်ရသည်။

"ပျာယာခတ် မနေနဲ့"

ခြံအပြင်ဆီကို ဦးတည်နေသည့် ဟိဏ်းစစ်မင်းတို့ကို ဗီတိုအာဏာ သုံးကာ အမိန့်ပေးနေသော သူကြောင့် ခြေလှမ်းသည် တုံ့ခနဲ။

"ကျုပ် နောက်အတိုင်း လိုက်လာခဲ့"

ထိုသို့သာပြောကာ ခြေသံတချွင်ချွင်နှင့် ဦးဆောင်သွားသော ခွန်းရီနောက်ကို ဟိဏ်းစစ်မင်းတို့ ဒေါသထွက်ချိန်ပင် မရဘဲ လိုက်သွားရတော့သည်။

ကျန်သည့် ရွာသားများသည် အဘွား၏ တစ်ချက်လွှတ် အမိန့်နှင့် ထိန်းချုပ် ထားခြင်းကြောင့် နေရာမှ တစ်ဖဝါးမျှ မခွာရတော့ပေ။

လမ်းတွင် အချင်းချင်း အမှီသဟဲပြုကာ တကျွီကျွီဖြင့် ယိမ်းထိုးနေသော ဝါးရိပ်၊ တရွှီးရွှီး ပွတ်တိုက်နေကြသော အရွက်စိမ်းများ၏ အသံနှင့်အတူ လူရိပ်လေးခုတို့သည် အစဥ်လိုက် ခြေလှမ်း သွက်နေပါသည်။ လရောင်သည် လမ်းပြ မီးအိမ်အဖြစ် သူတို့ကို တရွေ့ရွေ့ ခေါ်ဆောင်သွားသည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now