(၄၁)

2.3K 205 17
                                    

၄၁။

ဖောင်း...

သေနတ်သံသည် ခွန်းဒါရီတို့ဆီမှ မဟုတ်ချေ။

"နှစ်ယောက်လုံး လာခဲ့ကြစမ်း"

ပီသကာ အောင်မြင်လှသော အမိန့်သံကြီးကြောင့် လုံးပန်းနေရာမှ ရပ်သွားကြသော မြည်းဂျပုနှင့် ခွန်းဒါရီ။ မြည်းဂျပု၏ လက်သည် လေတွင်တင် ရပ်သွားရကာ မြေပေါ်သို့ ဘုတ်ခနဲ ကျသွားသည်။ ခွန်းဒါရီလည်း လေပေါ် ရပ်သွားသော လက်သီးကို ပြန်ချလိုက်ရ၏။

ထိုအခါ အသံလာရာကို အားလုံး လှည့်ကြည့်ကြသည်။

ခပ်လှမ်းလှမ်းမှ မြင်ရသည်မှာ သေနတ်ကို ခါးကြားတွင် ပြန်ထည့်နေသည့် အသက်​လေးဆယ်ကျော် ဥပဓိရုပ်နှင့် လူကြီးတစ်ဦး။ သူလည်း ပြောက်ကျား ဝတ်စုံနှင့်ပါပေ။ ကြယ်ပွင့်သည် မြည်းဂျပုထက် ပိုများနေ၏။

ဤလူကြီးကို တစ်နေရာမှာ တွေ့ဖူးသည်ဟု ဈာန်ဘုန်းနိုင် ထင်နေသည်။ နောက်ဆုံးတော့ စခန်းထဲရှိ ပုံထဲက လူကြီးပင်။

ကြောင်ရပ်နေရာမှ ခွန်းဒါရီတို့ နှစ်ယောက်လုံးသည် ကုန်းရုန်းထကာ ထိုအသံဆီကို ထော့နဲ့ ထော့နဲ့နှင့် အမြန်သွားပြီး ယို့ယို့လေး ရပ်နေကြသည်။ နှစ်ဦးလုံး၏ မျက်နှာမှာကား သွေးအလိမ်းလိမ်းနှင့် မြင်မကောင်း...။

ထိုလူကြီးသည် နှစ်ဦးသားကို တစုံတစ်ခု ပြောနေကာ နောက်တွင် ပါလာသည့် တပည့်နှစ်ဦးအား မြည်းဂျပုကို ဖမ်းစေသည်။

နောက်ဆုံးတော့ မြည်းဂျပုသည် ပုပ်သိုးနေသည့် မျက်နှာနှင့် ထိုရဲဘော်နှစ်ဦး၏ ဖမ်းခေါ်ရာနောက်သို့ တကောက်ကောက် လိုက်ပါသွားရသည်။

"သားတို့ကို မြို့ပြန်ရောက်ဖို့ အဘတို့ တာဝန် ယူပေးပါ့မယ်"

ထိုလူကြီးသည် ခွန်းဒါရီတို့ အဖွဲ့အစည်း၏ ဗိုလ်ကြီး ဖြစ်သည်ဟု သိရသည်။

ဈာန်ဘုန်းနိုင်တို့ လေးယောက်ကို တောင်းပန်စကား ဆိုပြီး ခရီးစဥ်အတွက် တာဝန်ယူပေးမည်ဟု ပြော၏။

ခွန်းဒါရီ၏ 'နောင်ကြီး စိတ်ချလို့ရတယ်' ဟူသော စကားကြောင့် ဈာန်ဘုန်းနိုင်တို့လည်း ပြန်လည် ပြုံးပြရပြီး အစီအစဥ်ကို လက်ခံလိုက်ရသည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now