(၅)

4.1K 360 25
                                    

၅။

ဈာန်ဘုန်းနိုင်တို့ လေးဦးသည် သူတို့ဦးဆောင်ရာ နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါသွားရသည်မှာ အတော်ကြာလေပြီ။

ဈာန်ဘုန်းနိုင်သည် လက်ထဲကနာရီကို တစ်ချက် ဝေ့ကြည့်မိတော့ အချိန်ကား နေ့လယ် ၁၁ နာရီ။

နေလည်းပူလာကာ ခြေထောက်အစုံတို့မှာ နှစ်ပေခန့် တိုနေလောက်လေပြီ။

ယခုထိ ကတ္တရာ လမ်းမကြီးအတိုင်း သွားနေရသော်လည်း တောင်ကုန်း အကွေ့အကောက် တက်ရသည့်အတွက် ခြေသလုံး၊ ပေါင်ကြွက်သားတို့ပင် မာတောင့်နေလေပြီ။ အာခေါင်လည်း ခြောက်စပြုလာပြီ။

ထို့ကြောင့် ရေသောက်ရန် ဈာန်ဘုန်းနိုင် ထိုလူကြီးကို အကူအညီ မတောင်းချင်သော်လည်း တောင်းရတော့မည်။

ဈာန်ဘုန်းနိုင်သည် သူ့အနားသို့ ပြေးသွားပြီး လက်မောင်းကိုတို့၏။

"အာ့"

ထိုလူကြီးက လေ့ကျင့်ထားသည့်အတိုင်း ရုတ်တရက် သူ့လက်ကို လိမ်ဆွဲကာ စူးရဲစွာ ကြည့်နေသည်။

"ရေ၊ ရေ တောင်းသောက်မလို့"

ထိုအခါမှ မျက်နှာထား လျှော့ကာ ဇွတ််ခနဲ လွှတ်ပြန်၏။

ဈာန်ဘုန်းနိုင်လည်း တကျွတ်ကျွတ် စုတ်သပ်ရင်း နာကျင်သွားသော လက်ကို နှိပ်နှယ်နေသည်။ မျက်လုံးကတော့ ထိုလူကြီးကို နီရဲစွာ စူးစိုက်ကြည့်လေသည်။

ထိုလူက မည်သည့်ခံစားချက်မျှမပါဘဲ ဈာန်းဘုန်းနိုင်၏ လက်ကို တစ်ချက်ကြည့်၊ ထို့နောက် သူ့တပည့်ဆီတစ်ချက်ကြည့်ကာ သူတို့နားမလည်သော ဘာသာစကားဖြင့် ပြောနေ၏။

သူ့တပည့်တို့လည်း သူတို့ခါးတွင် ချိတ်ထားသည့် ဘူးသီးခြောက်ဗူးကို ဈာန်ဘုန်းနိုင်တို့ လေးဦးအား ပေးလာသည်။

ဈာန်ဘုန်းနိုင်တို့ ဘူးသီးခြောက်ထဲရှိ အေးမြသောရေကို သောက်ရမှ အမောပြေ သွားရတော့သည်။

သို့သော် နောက်ထပ် အတက်အဆင်း လေးခုခန့် ကျော်ရသေးသည်။ အားလုံးပြီး ဘယ်ဘက် တောင်ပတ်လမ်းထဲ ဝင်သွားရလေသည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now