(၂၀)

2.8K 225 16
                                    

၂၀။

နာကြည်းခြင်း သတ္တိနှင့် သူ့ခေါင်းတုံး ခေါင်းပေါ်ကို ထိုးစိုက်ရန် ပြင်စဥ် ကြိုသိနေသည့်လူလို ကျောပေးလျက်သား သူ့ညာလက်သည် ကိုယ့်ညာ လက်ကောက်ဝတ်ကို ဆတ်ခနဲ ဖမ်းဆွဲဆုပ်...။ အရှိန်လွန်သွားသော ကိုယ်သည် မထိန်းချုပ်နိုင်တော့ဘဲ သူ့ပခုံးပေါ် ဟပ်ထိုး လဲကျသွား၏။

ကိုယ့်ဘယ်ဘက် ပါး​​​ပြင်နုနုလေးသည် ပူနွေးသော သူ့ညာဘက်ပါးပြင်နှင့် ဖိကပ်နေသည်။

ကိုယ့်မျက်လုံးသည် အပြူးသားဖြင့်သာ၊ ထို့နောက် ဖိကပ်ထားသောပါးပြင်ကို အနည်းငယ်ပြန်ခွာပြီး မှင်သက်မိ၏။ ရင်ထဲမှာလည်း အလိုက် ဆိုးကန်းမသိ ပူထူနေကာ သံစုံတီးဝိုင်း တီးနေလေသည်။

ထိုအခါ သူ့ညာလက်သည် ကိုယ့်လက်သီးဆုပ်ဆီ ဦးတည်၊ ဆုပ်ထားသော လက်တစ်ချောင်းဆီကို ဖြည်ဖွင့်ပေးကာ သံမှိုချောင်းကို ထုတ်ယူ လိုက်သည်။ ထို့နောက် စားပွဲပေါ်ကို ဖြစ်သလို ဒေါက်ခနဲ ပစ်တင်သည်။

"နောင်ကြီး ထိခိုက်အုံးမယ်...ရွှတ်"

ပြောလည်းပြော ကိုယ့်ဘယ်ဘက် ပါးပြင်လည်း နွေးခနဲ။

"ဘာ ဘာလုပ်တာလဲ"

အလန့်တကြား လက်ကို ရုန်းကာ ကိုယ့်ပါးကို ပြန်အုပ်ကိုင်ရင်း နောက်သို့ ခပ်မြန်မြန် ဆုတ်သွားမိသည်။

ကိုယ့်ပါးပြင်သည် လောလောလတ်လတ် ပူနွေးနေသေး။ ထိုင်နေသောကောင်ကို မျက်စောင်းထိုး ကြည့်ပေးလိုက်သည်။

ဒီကောင် ဘာအရူးထ နေပြန်ပြီလဲ။

ထိုအခါ ခွန်းဒါရီသည် လက်သီးဆုပ်ကို သူ့နှုတ်ခမ်းနား တေ့ကာ ခေါင်းငုံ့လျက် ဈာန်ဘုန်းနိုင်ဆီ လျှောက်လာသည်။ ဈာန်ဘုန်းနိုင်သည် ပါးကိုအုပ်ကိုင်ပြီး စူးစူးရဲရဲ ပြန်ကြည့် ပေးလိုက်၏။

လာစမ်းပါ...၊ ဈာန်ဘုန်းနိုင် ကြောက်မနေဘူး။ 

ခြေလှမ်း ရပ်သွားပြီ။ သူ့ကိုယ်သင်းနံ့လည်း တဖြည်းဖြည်း တိုးဝှေ့လာ၏။

ကိုယ်နှင့် တစ်လံ အကွာတွင် ခွန်းဒါရီသည် လက်နှစ်ဖက်ကို နောက်ပစ်၊ ကိုယ့်ဆီကို ငုံ့ကိုင်းလာကာ သူ့အဝါရောင် မျက်လုံးကို အနည်းငယ် မေးစင်းလျက် မျက်ဝန်းကို တည့်တည့် ကြည့်သည်။ သူ့နှုတ်ခမ်းအစုံက ကော့တက်သည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Onde histórias criam vida. Descubra agora