(၁၃)

3K 248 22
                                    

၁၃။

လယ်ကွင်းထဲကို စက်ဘီးနှင့် သွားမည် ဟုဆိုကာ ဘယ်ကြိုဘယ်ချောင်ကြားက စက်ဘီးစုတ်ကို ယူလာလဲမသိ။

နင်းလိုက်တိုင်း ကြွက်သံလို တကျွီကျွီ မြည်နေပြီး သူ့ခြေချင်းသံလည်း တချွင်ချွင်နှင့် နားငြီးသလား မမေးနှင့်။ တကျွီကျွီ၊ တချွင်ချွင်နှင့် တစ်လမ်းလုံး ကိုယ့်ကို တင်နင်းနေသည့် ခွန်းဒါရီ။ လမ်းက မညီမညာနှင့် တစ်ချက်တစ်ချက် ထခုန်သည်မှာ မြီးညှောင့်ပင် နာလာသည်။

ငြင်းမည်ကြံသော်လည်း ဝတ်စုံအပြည့်နှင့် စက်ဘီးပေါ်ထိုင်နေကာ တက်ဆိုသည့် အကြည့်လွှတ်ပြီး အသံတိတ် အမိန့်ပေးခဲ့သည့် သူ့ကြောင့် မငြင်းဖြစ်တာပါ။

အသီးတစ်လုံးကို ပုပ်ဖန်များလျှင် ပုပ်သွားတတ်သလို ခုန်ဖန်များသော ဈာန်ဘုန်းနိုင်၏ တင်လည်း အတော်လေး နာနေသည်ဖြစ်လို့ စိတ်မရှည်တော့။

ပတ်ဝန်းကျင်၏ သဘာဝအလှကိုပင် မခံစားနိုင်တော့ဘဲ စိတ်ကတ်ိုလာပြီ။

ကိုယ့်အဖြစ်ကိုမသိဘဲ တကျွီကျွီ ဆက်နင်းနေသော သူကို ဈာန်ဘုန်းနိုင်သည် နောက်မှ လက်သီးဆုပ်ဖြင့် ဘုတ်ခနဲ မြည်အောင်ထုပြီး ဒေါသူပုန် ချတော့သည်။

ထိုအခါမှ ခွန်းဒါရီသည် ဘရိတ်ကို ကျွီခနဲ မြည်အောင် အုပ်ကိုင်၊ နင်းနေရာမှရပ်ကာ ခြေတံရှည် နှစ်ချောင်းဖြင့် မြေထောက်လျက် ခေါင်းကို တစ်ချက် စောင်းငဲ့လာသည်။

"မင်းကောင်းမှုကြောင့် ကိုယ့်တင်နာနေပြီ"

ထိုအခါ ခွန်းဒါရီသည် ခေါင်းကိုမော့ကာ သူ့ကိုယ်ကြီး တသိမ့်သိမ့် တုန်အောင် တဟားဟား အော်ရယ်နေသည်။

အနီးတဝိုက်တွင် ဆင်လို အသံကျယ်ကြီးက တဩဩ ပျံ့လွင့်နေလျက်။

မျက်မှောင်ကိုကုတ်၊ လက်စွပ်ကို တဖွဖွ ပွတ်ရင်း ခွန်းဒါရီ အော်ရယ်နေသည့် အကြောင်းကို ဈာန်ဘုန်းနိုင် စဥ်းစား အဖြေထုတ်နေသည်။

သို့သော် နားမလည်သည့် အမေးပုစ္ဆာအတွက် အဖြေသည် ဗလာသက်သက်သာ။ မည်သို့ ဖြည့်တွေးပါစေ ရလဒ်မထွက်နိုင်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now