အချပ်ပို (၅၃)

381 35 29
                                    

မိုးသည် အုံ့မှိုင်းမှိုင်း။ တရွေ့ရွေ့ ဖြတ်သွားနေသော လမ်းဘေး မြင်ကွင်းတွေကို ဈာန်ဘုန်းနိုင် မေးထောက် ငေးကြည့်နေမိသည်။ မီးခိုးရောင် တိမ်သားများသည် တအိအိ ရွေ့လျားနေ၏။ မေလထဲ ဝင်တော့သည်မို့ မိုးရွာ‌ရန် ဆောင်နေပြီ။

"နောင်ကြီး အဆင်ပြေလား၊ အိပ်ချင်လား"

ကားမောင်းရင်း မေးလာသော ခွန်းဒါရီအား ဈာန်ဘုန်းနိုင် ခေါင်းခါပြ၏။ ဈာန်ဘုန်းနိုင်တို့သည် တပ်ဖွဲ့၏ ရိက္ခာကို သွားထုတ်ရန် မြို့ပြကို တက်နေခြင်း။ သို့သော် မှိုင်းနေသော ရာသီဥတုကြောင့် စိတ်က ဘယ်လိုမှန်းမသိ။ ရာသီဥတုလိုမျိုး လန်းဆန်းမနေ။ မပြုံးနိုင်ဘဲ မှိုင်တွေနေမိ၏။ ထိုအခါ-

"ရော့"

မျက်နှာရှေ့ ရောက်လာသည်က ဆားငရုတ် ဖြူးထားသော သရက်သီးတစ်စိတ်။ ပို့သူ တရားခံကို ဆက်ကြည့်တော့ သေချာပေါက် ခွန်းဒါရီပင်။ သူသည် ကားကို လက်တစ်ဖက်ဖြင့်သာ မောင်းရင်း ရှေ့ကိုသာ အာရုံစိုက်နေသော်လည်း ပြုံးပြုံးလေး နေပါသည်။

"လန်းဆန်းအောင် စားလိုက်ပါအုံး"

ချစ်ရသူက တကူးတက ကျွေးသည်ဆိုတော့ ဈာန်ဘုန်းနိုင် ပါရမီ ဖြည့်ပေးလိုက်၏။ ထိုချဥ်စပ်စပ် သရက်သီးကို သေချာဝါးသော် ခံတွင်းသည် လန်းဆန်းလာပြီး သွေးကြောတို့က ထောင်ကြွလာပါသလို။ အထုပ်ကိုပါ မေးငေါ့ ပြလာသဖြင့် တစ်စိတ်ပြီးတစ်စိတ် ဆက်တိုက် ယူစားမိသည်။

"အားလားလား စပ်လိုက်တာ၊ ရေ ရေ"

လက်ယပ်ပြီး ခွန်းဒါရီ ကမ်းပေးလာသော ရေအား ပိုက်ဖြင့် စုပ်ယူသောက်သည်။ လမ်းအခြေအနေက သည်အတိုင်း သောက်ခွင့်မပြု။ ရေကို အားပါးတရ စုပ်သောက်သော်လည်း အစပ်မပြေသေး။ ပါးစပ်ကို ဝူးဝါးနှင့် ထော်လိုက်ပြီး ခွန်းဒါရီ ကမ်းပေးလာသော သကြားလုံးအား ဖောက်ငုံသည်။ ထိုအခါမှ နို့အရသာ သကြားလုံးက လျှာဖျားတွင် စွဲဝင်သွားလျက်။

"အဆင်ပြေပြီလား"

လှမ်းမေးနေသူအား မျက်လုံးမှိတ် ပြုံးပြကာ-

"အဆင်ပြေပါပြီ၊ ကိုယ့်မှာ အလာဒင် မီးခွက်မရှိပေမဲ့ မောင်ကြီးရှိရင် အရာရာ အိုကေစိုပြေ"

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now