အချပ်ပို (၃၀)

651 47 15
                                    

"ပြန်သင့်ပြီ မောင်ကြီး"

ခွန်းဒါရီသည် နှမြောတသ ဖြစ်နေသော မျက်နှာနှင့် ဖရိုဖရဲ ဖြစ်သွားလေသော ဈာန်ဘုန်းနိုင်၏ အဝတ်တို့ကို သပ်ရပ်အောင် ပြန်ပြင်ပေးကာ-

"ချစ်မဝဘူး နောင်ကြီးရယ်၊ ဒီပွဲသာ ပြီးသွားရင်လေ နောင်ကြီးနဲ့ အီကြာကွေးလို ပူးကပ်နေလိုက်မှာ"

"အင်း အင်း၊ မောင်ကြီး သဘော"

ခွန်းဒါရီ၏ ဘောင်းဘီဇစ်ကို ပြန်ဆွဲပိတ်ပေးပြီး အင်္ကျီကိုပါ သပ်ရပ်အောင် ပြန်ပြင်ပေးရင်း ဈာန်ဘုန်းနိုင်မှာ ပြုံးစစနှင့် ခေါင်းညိတ် ထောက်ခံပေးလိုက်သည်။

ဟီးခနဲ ရယ်ပြပြီး ခွန်းဒါရီသည် နောက်ဆုံးအနေနှင့် ဈာန်ဘုန်းနိုင်၏ နဖူးပြင်ကို မြတ်နိုးစွာ နမ်းရှိုက်လာသည့်နောက် ကားဆီကို ပြန်တော့သည်။

ကားပေါ်ရောက်တော့ ညစ်ပတ်သွားသော ဈာန်ဘုန်းနိုင်၏ လက်အိတ်ကို လဲပေးပြီး လက်သန့် ဆေးရည်နှင့် လက်ဆေးပေးကာ အနက်ရောင် သားရေ လက်အိတ်အသစ်ကို စွပ်ပေးသည်။ သူကိုယ်တိုင်လည်း လက်ဆေးကာ လက်အိတ်အသစ် လဲဝတ်သည်။ ထို့နောက် လည်တိုင်ပေါ်က မာကင်းရာအသစ်များကို ဖုံးကွယ်ဖို့ အဖွဲ့အစည်း တံဆိပ်ပါ ပဝါအနက်နှင့် လုံခြုံအောင် ချည်ပေးသည်။

ဈာန်ဘုန်းနိုင်မှာ သူလုပ်ပေးသမျှကို ငြိမ်ခံနေရသည်။

အားလုံးပြင်ပြီး ရဲတွတ်ကာ ဖူးယောင်နေသော ဈာန်ဘုန်းနိုင်၏ နှုတ်ခမ်းပါးကို တစ်ချက် ပွတ်ဆွဲ၏။

"နှုတ်ခမ်းယောင်ပေမဲ့ အရမ်းကြီး မသိသာဘူး၊ အိုကေပြီ"

သူ့ဘာသာသူပြောပြီး သဘောတကျ ဖြစ်ကာ ဈာန်ဘုန်းနိုင်၏ ပါးပြင်ကို ရွှတ်ခနဲ နမ်းသေးသည်။

"လာမဆွနဲ့တော့ မောင်ကြီး၊ ချက်ချင်း dancing car ဖြစ်သွားမယ်၊ ဘာမှတ်"

"ဟုတ်ပါပြီဗျာ"

တဟားဟား ရယ်နေသည့် ခွန်းဒါရီ၏ မျက်ဆန်ဝါထဲ ရွှင်မြူးရိပ်ကအပြည့်။

"ဗိုလ်ကြီး၊ ဗိုလ်ကြီး"

စကားပြောစက်ကို ခွန်းဒါရီက ပြန်ဖြေကြားသည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Onde histórias criam vida. Descubra agora