အချပ်ပို (၂၀)

662 56 24
                                    

နွေးထွေးသော ရင်ငွေ့ထဲ ဈာန်ဘုန်းနိုင် ခိုလှုံမှေးစက်နေရင်းမှ ဝူးဝူးဝါးဝါး အသံတစ်ခုကို ကြားရသလိုလို။ တစ်ဆက်တည်းတွင် ချိတ်တွယ်ထားသော ခါးတစ်ဝှိုက်မှ လက်တစ်စုံ ညင်သာစွာ ဖြုတ်ချခြင်း ခံရသည်နှင့်အတူ အသားစိုင်တွေ စိမ့်ခနဲ။ ကြက်သီးဖုတွေလည်း ဖြန်းခနဲ။

အလိုမကျစွာ အင်းခနဲ ပျင်းကြောဆွဲမိသည်။

ကျွတ်...ကျွတ်...ကျွတ်...

တကျွတ်ကျွတ် ချော့သိပ်သံနှင့် ဈာန်ဘုန်းနိုင်၏ ကိုယ်ပေါ်ကို ထပ်မံကျရောက်လာသော စောင်ပုံများ။

"အင်း...မောင်ကြီး"

အိပ်မှုံစုံမွှားနှင့် ထသွားမည့် ခွန်းဒါရီ၏ လက်ကြီးကို လှမ်းဆွဲတော့ တုံ့ခနဲရပ်ပြီး ဈာန်ဘုန်းနိုင်၏ လက်အစုံသည် ပြန်အုပ်ကိုင်ခြင်း ခံရလေသည်။

"လူတစ်ယောက် လာခေါ်နေလို့ ကျုပ် ထွက်ကြည့် လိုက်အုံးမယ်၊ နောင်ကြီး အိပ်နှင့်အုံး"

ဈာန်ဘုန်းနိုင်၏ မျက်ဝန်းသည် ဖျတ်ခနဲ ပွင့်လာသည်။

အချိန်က နံနက် ၂ နာရီ။ ဒီအချိန်ကို ဘယ်သူ လာခေါ်လဲ။ လူကို မြားထုတ်ပြီး အန္တရာယ် ပြုခဲ့ရင်ရော။

ထိုအခါ-

"ဟေ့ ထွက်လာကြလေ၊ ဟေ့ ဟေ့"

တဟေ့ဟေ့ အော်ခေါ်သံက ပြင်ပတွင် ဟိန်းထွက်နေသည်။

"ကိုယ်လည်း လိုက်ခဲ့မယ်"

ခွန်းဒါရီက မျက်ဝန်းမှိတ်ကာ သက်ပြင်း ရှိုက်သည်။

"ဒါဆို သေနတ်အဆင်သင့် ထုတ်ထား"

ဆတ်ခနဲ ခေါင်းညိတ်ပြီး ဈာန်ဘုန်းနိုင်သည် ခေါင်းရင်းက သေနတ်တိုကို ယူ၊ ခွန်းဒါရီ၏ နောက်ကပ်လျက်မှ ဝါးခင်းပြင်ကို တကျွီကျွီ ဖြတ်နင်းကာ တဲအိမ်ထဲမှ ခေါင်းငုံ့ လျှိုထွက်သည်။

တဲအိမ်ဖြစ်ရခြင်းမှာ မြောက်ပိုင်းနယ်သို့ ခွန်းဒါရီတို့နှင့်အတူ ဈာန်ဘုန်းနိုင် ကင်းစောင့် အိပ်ရခြင်းပင်။ ဒီတဲစုတ်မှာနေရင်း ရှေ့တန်းမှ ပြန်လာသည့် ခွန်းဒါရီနှင့် တပ်သားတို့အတွက် ဈာန်ဘုန်းနိုင် ချက်ပြုတ်နေရခြင်းမှာ ငါးရက်ပင် ရှိနေပြီဖြစ်သည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Waar verhalen tot leven komen. Ontdek het nu